စည်သူဝင်းကတော့ MRTV 4 ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေကြားမှာ နာမည်ကြီးလာတဲ့ မင်းသားတစ်ယောက်ပါ။ သရုပ်ဆောင်ကောင်းပြီး ကျရာဇာတ်ရုပ်မှာ ပီပြင်စွာ သရုပ်ဆောင်နိုင်မှုကြောင့်လည်း ပရိသတ်တွေရဲ့ တခဲနက်အား ပေးမှုကို ရခဲ့တာပါ။ အမျိုးသမီးပရိသတ်တွေတင်မကပါဘူး။ အမျိုးသားပရိသတ်တွေရော အရွယ်သုံးပါး မ ရွေး အားပေး ကြတာကိုလည်း တွေ့ရပါတယ်။

Image:fb/Si Thu Win
Image:fb/Si Thu Win
Image:fb/Si Thu Win

စည်သူဝင်းကတော့ “မိုးကောင်းကင် အိပ်မက်” ဇာတ်ကားထဲမှာ ဆိုင်းမိုင်(ပိုးကြာဖြူခင်) နဲ့ အရမ်းကို အတွဲညီညီသရု ပ်ဆောင် နိုင်ခဲ့သူပါ။ ရိုးရိုးအေးအေးနဲ့ ရိုးသားတဲ့ ရဲသွေး ကို ပရိသတ်တွေက အရမ်းအားပေး ခဲ့ကြပါတယ်။ ဒါတင် မက သေးပါဘူး။ နွေကန္တာဦး၊ဆုံဆည်းခြင်းမိုးတိမ်များ..အစရှိတဲ့ ဇာတ်ကားတွေမှာလည်း သရုပ်ဆောင်ခဲ့ပါတယ်။ ၀င်္ကပါ ရှင်းတမ်း ဇာတ်ကားထဲမှာလည်း အချစ်ကြီးသလောက အမျက်ကြီးတဲ့ တိမ်ယံထွန်း အဖြစ် သရုပ်ဆောင်ပုံတွေကို ပရိသတ်တွေက အရမ်းသဘောကျခဲ့ပါတယ်။ ဆံပင်ရှည်နဲ့ စည်သူဝင်းကတော့ အခုဆိုရင် သူ့ရဲ့ ဆံပင်ရှည်ကြီးကို စွန့် လွှတ် လိုက်ပါပြီ။

Image:fb/Si Thu Win
Image:fb/Si Thu Win
Image:fb/Si Thu Win

“ဘိုကေနဲ့ ဖြစ်သွားပါပြီ နောက်မှပုံတင်ပေးမယ်နော်😊
ဒီဆံပင်ကိုတော့ ဘုရားလှူမှာပါ🙏…………..” ဆိုပြီး ဇူလိုင် (၇)ရက်နေ့က Post တင်ခဲ့ပါတယ်။ဆံပင်ညှပ်လိုက်ပြီး ဘယ်လို စတိုင်ပြောင်းသွားလဲဆိုတာကို သိချင်နေတဲ့ ပရိသတ်တွေ အတွက် ဇူလိုင်(၉)ရက်နေ့မှာ သူ့ရဲ့ ပုံကို “ဘိုကေနဲ့ စိုပြေ🤕…” ဆိုပြီးတင်ခဲ့ပါတယ်။

Image:fb/Si Thu Win
Image:fb/Si Thu Win

Source စည်သူဝင်း