ဘိုဆန်ဆန် ရုပ်ရည်လေးနဲ့ ထူးခြားတဲ့အလှရှိတဲ့ ရွှေသမီးကတော့ ခရီးထွက်နေတဲ့ ဓါတ်ပုံလေးတွေကို သူ့ရဲ့ ဖေစ့်ဘုတ်ပေါ်မှာ ပရိသတ်တွေအတွက် တင်ပေးထားပါတယ်။

တောင်တန်းရှုခင်းတွေနဲ့ အပြိုင်လှနေတဲ့ မင်းသမီးချောလေး ရွှေသမီးက မြန်မာနိုင်ငံရဲ့ လှပလွန်းတဲ့နေရာတွေကို ချစ်ရတဲ့သူတွေနဲ့အတူလျှောက်လည်ချင်တယ်၊ ပြီးတော့ ကိုယ်နားမလည်တဲ့အချစ်အကြောင်းတွေကို သီချင်းတွေအဖြစ်ရေးကြည့်ချင်တယ်လို့ သူ့ရဲ့ ဖေစ့်ဘုတ်မှာရေးပြီး ဓါတ်ပုံတွေကို တင်ပေးထားတာဖြစ်ပါတယ်။

Source: Shwe Ta me