မော်ဒယ်၊ သရုပ်ဆောင် မင်းသမီးချောလေး ရွှေသမီးက ပွင့်လင်းချစ်စရာကောင်းတဲ့ ဟန်ပန်တွေကြောင့်ပဲ ပရိတ်သတ်တွေရဲ့ အချစ်ကို ရရှိပိုင်ဆိုင်ထားသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမရဲ့ သရုပ်ဆောင်ပီပြင်မှုတွေကြောင့် ပရိတ်သတ်အားပေးမှုကို ရရှိခဲ့ပြီး အချိန်တိုလေးအတွင်းမှာ အောင်မြင်လာခဲ့တဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။
View this post on Instagram
သူမရဲ့ ဇာတိက မန္တလေးမြို့ဖြစ်ပြီးတော့ သူမကို April 18, 1993 မှာမွေးဖွားခဲ့ပြီး အခုဆိုရင် အသက် 27 နှစ်ရှိပြီပဲ ဖြစ်ပါတယ်နော်။ သူမကို ဗီဒီယိုဇာတ်ကားတွေကနေ တစ်ဆင့် ပရိတ်သတ်တွေပိုသိလာခဲ့ပြီးနောက် အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ ပါဝင်ခွင့် ရလာတဲ့ နာမည်ကြီး မင်းသမီးလေးတစ်ယောက် ဖြစ်လာခဲ့ပါပြီ။
View this post on Instagram
လက်ရှိမှာတော့ သူမရဲ့ ဇာတ်ကားပေါင်း ၅၀ ကျော်အထိ ရိုက်ကူးထားပြီး ‘ချည’် ရုပ်ရှင်ဇာတ်ကားမှာ နေတိုး၊ သက်မွန်မြင့်တို့နဲ့အတူပါဝင်ခဲ့ပြီး သရုပ်ဆောင်ပီပြင်မှုတွေကြောင့် ပရိတ်သတ်ရဲ့ အသိအမှတ်ပြုမှုကို ပိုရရှိထားတာပဲ ဖြစ်ပါတယ်။ ရွှေသမီးရဲ့ နောက်ထပ်ဇာတ်ကားကောင်းတစ်ကား ဖြစ်တဲ့ မင်းသား နေတိုး၊ ကျော်ကျော်ဗိုလ်တို့ပါဝင်ထားတဲ့ ‘ကမ္ဘာကျော်ရွာ’ ဇာတ်ကားလေးကလည်း ပရိတ်သတ်တွေရဲ့ အမောတွေကို ပြေပျောက်စေခဲ့တဲ့ ဟာသကားကောင်းလေး တစ်ကား ဖြစ်ခဲ့ပါတယ်။
View this post on Instagram
မင်းသမီးချောကြီး စိုးမြတ်သူဇာ၊ အဆိုတော်၊ မင်းသားချော ထွန်းထွန်းတို့နဲ့အတူ အတွဲညီစွာသရုပ်ဆောင်ထားတဲ့ ‘သားပိုက်ကောင်’ ဇာတ်ကားလည်းကလည်း ပရိတ်သတ်တွေရဲ့ ရင်ထဲကို ထိမိတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်သလို ‘ဓားငပြူး’ ဆိုတဲ့ ဟာသဇာတ်ကားမှာလည်း မင်းသား မြင့်မြတ်နဲ့အတူ တွဲသရုပ်ဆောင်ထားပါသေးတယ်။
ရွှေသမီးရဲ့ ဇာတ်ကားကောာင်းတွေဖြစ်တဲ့ ‘ကမ္ဘာကျော်ရွာ’ ‘သားပိုက်ကောင်’ ‘ဓားငပြူး’ စတဲ့ ဇာတ်ကားတွေကိုတော့ Viu Myanmar App ကို Download လုပ်ယူပြီး ကြည့်ရှုနိုင်ပါတယ်။ MPT, Mytel နဲ့ Ooredoo User တွေဆိုရင်တော့ Viu Premium အထူးကြည့်ရှုခွင့်ကို လစဉ် ကြေး မလိုပဲ ကြည့်ရှုနိုင်ပါတ ယ်။ အာရှတစ်ခွင်က ရုပ်ရှင်နဲ့ ဇာတ်လမ်းတွဲပေါင်းများစွာကို ၁ဝဝ% မြန်မာစာတန်းထိုးနဲ့ Viu မှာ ကြည့်ရှုလို့ ရပါတယ်။ ဒါကြောင့် Viu app ကို ဒီနေရာမှာ ဒေါင်းလုဒ်ရယူလိုက်ပါ။
Khin