ရွှေထူးနဲ့ ရွှေမှုံရတီတို့ စုံတွဲကတော့ အနုပညာလောကရဲ့ နာမည်ကြီးဆယ်လီစုံတွဲတွေပါ။တစ်ယောက်နဲ့ တစ်ယောက် လည်းနားလည်မှုအပြည့်ရှိပြီး ချစ်ကြပါတယ်။လူငယ်သဘာဝမို့ စိတ်ဆိုးစိတ် ကောက်တာ တွေ ရှိပေမယ့် လည်း အချွဲ ပိုတဲ့ ဇနီးချော လေးကို ရွှေထူးက အမြဲအလျှော့ ပေးပြီး ချစ်ပေးနေတာကိုလည်း တွေ့ရပါတယ်။တစ်ယောက်အပေါ် တစ်ယောက် တန်ဖိုးထားချစ်ခင်တဲ့ အကြောင်း Post လေးတွေ တင်တတ်တဲ့ ရွှေထူးကတော့ သူ့ရဲ့ အကောင့်မှာ Pos t တစ်ခု တင်ထားပါတယ်။ဇနီးဖြစ်သူအတွက် ဘယ်လို အရာမျိုးဖြစ်ပေးချင်သလဲ ဆိုတာကို ပြောထားတာပါ။

Image:fb/Shwe Htoo
Image:fb/Shwe Htoo
Image:fb/Shwe Htoo

သူများတွေ အတွက် မြေကြီးဖြစ်ချင်ဖြစ်သွားပါစေ သူမ အတွက်တော့ ကောင်းကင်ဖြစ်ချင်ပါတယ်လို့ သူ့ရင်ထဲက ဆန္ဒ ကို အခုလို ထုတ်ပြောခဲ့ပါတယ်။

“အချို့လူတွေအတွက်တော့ ကျွန်တော်က မြေကြီး ဖြစ်ချင်ဖြစ်နေလိမ့်မယ် .. သူမအတွက် ကောင်းကင်ဖြစ်နေရင် ကျေနပ်ပြီ …

8.7.2019…………..” ဆိုပြီး တင်ထားပါတယ်။သီချင်းစာသားလားလို့ ထင်ရပေမယ့် ရက်စွဲပါ ထည့်တပ်ထားတော့ ဒါဟာ ရင်တွင်းဖြစ် စကားလို့ Comment တွေမှာတော့ မှတ် ချက်ပေးထားတာကိုလည်း တွေ့ရပါတယ်။

Image:fb/Shwe Htoo
Image:fb/Shwe Htoo

ရွှေမှုံရတီနဲ့ ရွှေထူးတို့ရဲ့ မင်္ဂလာပွဲကိုတော့ (၂၀၁၈) နိုဝင်ဘာ(၁၁)ရက်နေ့က အင်းယားလိပ်ဟိုတယ်မှာ ကျင်းပပြု လုပ်ခဲ့တာပါ။တွဲနေတာ တကယ်လား၊အတည်လားဆိုပြီး ပရိသတ်တွေကို အစပိုင်းမှာ ဝေခွဲ ရခက် အောင် လုပ်ခဲ့တဲ့ ရွှေ-ရွှေစုံတွဲပါ။မင်္ဂလာဆောင်တော့လည်း ပရိသတ်တွေ က အဲ့ဒီလောက်မြန်လိမ့်မယ်လို့ လုံးဝ မထင် ထားခဲ့တာမို့ တကယ့်ကို Surprise အကြီးကြီးဖြစ်ခဲ့ပါတယ်။ရွှေထူးပါဝင်ထားတဲ့ ဒဏ္ဍာရီမိုး ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား ကတော့ ဇူလိုင် (၁၁) ရက်နေ့မှာ ရုံတင်သွားဖို့ရှိပါတယ်။

Image:fb/Shwe Htoo
Image:fb/Shwe Htoo

Source ရွှေထူး