အမြဲအမိုက်စားသီချင်းတွေကို ရေးဖွဲ့သီဆိုလေ့ရှိတဲ့ အဆိုတော်တစ်ဦးဖြစ်တဲ့ ရွှေထူးကတော့ လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ အဆိုပညာရပ်မှာသာမက သရုပ်ဆောင်ပိုင်းမှာ ထူးချွန်တဲ့သူတစ်ဦးဆိုလည်း မမှားပါဘူး။ ပရိသတ်တွေက အသိအမှတ်ပြုထားတဲ့ သရုပ်ေ်ဆာင်တစ်ဦးလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ရွှေထူးကတော့ တက်တူးကြိုက်တဲ့သူတစ်ယောက်လည်းဖြစ်တယ်ဆိုတာ သူ့ရဲ့ပရိသတ်တော်တော်များများကတော့ သိကြပါတယ်။ ဖေဖေါ်ဝါရီလ ၄ ရက်နေ့ကတော့ ရွှေထူးဟာ သူ တက်တူးအသစ်သွားထိုးတဲ့အကြောင်းကို သူ့ရဲ့ အင်စတာဂရမ်မှာတင်ခဲ့ပါတယ်။ ထိုးထားတဲ့ တက်တူးရဲ့ ပုံကိုတော့ မတင်ခဲ့ပါဘူး။

ရွှေထူးတစ်ယောက် ဘယ်လို ဒီဇိုင်းအဆန်းနဲ့ တက်တူးတွေထိုးလာတယ်ဆိုတာကတော့ စိတ်ဝင်စားစရာပဲနော်။

Source: Shwe Htoo