ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချောလေး ရွှေမှုံရတီကတော့ တနေ့တခြား လှလှလာလွန်းလို့ ပရိသတ်တွေအချစ်ပိုနေရတဲ့ မင်းသမီးလေးတစ်ယောက်ပါ။သူမကတော့ အမြဲလိုလို ပုံစံအသစ်တွေ ဒီဇိုင်းအသစ်တွေနဲ့ ပရိသတ်တွေကို ညို့ယူ ဖမ်းစားတတ်တဲ့ မင်းသမီးလေးတစ်ယောက်လည်း ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ အမိုက်စား ဖက်ရှင်တွေ၊ဒီဇိုင်းတွေနဲ့ ဆွဲဆောင်အားကောင်းလွန်းတဲ့ပုံတွေမဟုတ်ပဲ အရမ်းကို ချစ်စရာကောင်းပြီး အသည်းယားစရာကောင်းလောက်အောင်လှနေတဲ့ ဆယ်လ်ဖီပုံလေးတွေကို သူမရဲ့ ဖေစ်ဘုတ်ပေါ်မှာ တင်လိုက်တာဖြစ်ပါတယ်။ ပရိသတ်တွေကတော့ ရွှေမှုံရတီရဲ့ အလှမှာ ကြွေပြီးရင်းကြွေနေကြပါပြီ။

ရွှေမှုံငွေမှုံတွေစားလို့ အဲလောက်လှတာလားလို့ မေးယူရလောက်အောင် လှလွန်းတဲ့ ရွှေမှုံရတီကတော့ လတ်တလောမှာ ကျင်းပပြုလုပ်နေတဲ့ ပွဲတွေမှာ တွေ့ရတတ်ပြီး ပွဲတိုင်းမှာလည်း သူမရဲ့ အဝတ်အစားဖက်ရှင်တွေဟာ လူတိုင်းသမင်လည်ပြန်လှည်ကြည့်ရလောက်အောင် လှလွန်းနေပါတယ်။ပရိသတ်တွေအတွက် ရွှေမှုံရဲ့ ဆယ်လ်ဖီပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source:Shwe hmone Yati