ပရိသတ်တွေကြားမှာ ရေမင်းသမီးလေးလို့ နာမည်ကြီးတဲ့ ရေကြိုက်တဲ့ မင်းသမီးလေး ရွှေမှုံရတီကတော့ ဇန်နဝါရီလ ၃၀ ရက်နေ့က သူရဲ့ ချစ်ရတဲ့ “We Love Shwe Home Ya Ti ” ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ မအားမလပ်တဲ့ အနုပညာ အချိန်ဇယားတွေကြားထဲက ပရိသတ်တွေကို အချိန်ပေးပြီးလာတွေ့တဲ့  ရွှေမှုံရတီကတော့ သူ့ရဲ့ ပရိသတ်တွေကို တော်တော်လေး ချစ်တဲ့ပုံပါပဲ။

အချို့သော ပရိသတ်တွေကြားမှာလည်း အချေမင်းသမီးလေးလို့ နာမည်ကြီးတဲ့ မင်းသမီးလေး ရွှေမှုံရတီကတော့ သူရဲ့ ပရိသတ်တွေနဲ့တွေ့တဲ့ အချိန်မှာတော့ တကယ့်ကို ချစ်စရာကောင်းတဲ့ ကလေးလေးတစ်ယောက်လိုပဲ အရမ်းကို ပျော်နေတာပါ။ ပရိသတ်တွေနဲ့ ပျော်ပျော်ရွှင်ရွှင် အချိန်တွေကုန်ဆုံးတဲ့ ရွှေမှုံရတီကတော့ သူ့ရဲ့ ဖေစ်ဘုတ်မှာ ပရိသတ်တွေနဲ့အတူ ဓါတ်ပုံတွေလည်း တင်ထားပါသေးတယ်။

source: Shwe Hmone Yati