ရေမင်းသမီးလေးလို့ ပရိသတ်တွေတင်စားခေါ်ဝေါ်ကြတဲ့ ပရိသတ်အချစ်တော် မင်းသမီးချောလေး ရွှေမှုံရတီကတော့ သူမရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ နာမည်ကျော်မင်းသားနေတိုးနဲ့အတူ ရိုက်ထားတဲ့ ဓါတ်ပုံလေးတွေ တင်ပေးထားပါတယ်။ အရမ်းကို ရင်းနှီးကြတဲ့ အနုပညာရှင်မောင်နှမတွေဖြစ်ကြတဲ့ သူတို့နှစ်ဦးကတော့ နှစ်ယောက်သား လိုက်လိုက်ဖက်ဖက် ခပ်ပြောင်ပြောင်ပိုစ့်လေးတွေပေးပြီး ဓါတ်ပုံရိုက်ထားကြတာ အရမ်းကို ချစ်စရာကောင်းပါတယ်။

ရွှေမှုံရတီကတော့ “ဆရာ တပည့် ၂ ယောက် မျက်နှာပြောင် သောအချိန်အလွန်အကြူး ပျော်ရွှင်”လို့ရေးပြီးဓါတ်ပုံတွေကို တင်ထားတာဖြစ်ပါတယ်။ သူတို့နှစ်ဦးကတော့ အရင်ကလည်း ဗီဒီယိုဇာတ်ကားတွေ အတူရိုက်ကူးခဲ့ကြဖူးပါတယ်။ ပရိသတ်တွေကတော့ သူတို့နှစ်ယောက်ရဲ့ ချစ်စရာဓါတ်ပုံလေးတွေကို အရမ်းကို သဘောကျနေကြပါတယ်။

ပရိသတ်တွေအတွက် နေတိုးနဲ့ ရွှေမှုံရတီတို့ရဲ့ ဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Shwe Hmone Yati