အလှမယ် ရွှေအိမ်စည်ဟာ ၂၀၁၇ ခုနှစ်မှာ ပြုလုပ်ကျင်းပတဲ့ Miss Grand International 2017 ပြိုင်ပွဲကြီးကို သွားရောက်ယှဉ်ပြိုင်ဖို့ တစ်ပတ်အလိုမှာ သရဖူပြန်သိမ်းခြင်းကိုခံခဲ့ရပါတယ်။ အဲဒီနောက်မှာလည်း အခြားသော ကောလာာလတွေ ဆက်လက်ထွက်ပေါ်ခဲ့ပြီး ရွှေအိမ်စည်အနေနဲ့တော့ ဒေါ်စိုးယုဝေဘက်ကနေ  လူကြီးလူကောင်းဆန်ဆန် သိက္ခာရှိရှိ ပြန်လည် ဖြေရှင်းပေးလိမ့်မယ်လို့ မျှော်လင့်ခဲ့တာကြောင့်သိရှိလိုသူတွေ မေးလာတောင် တစ်စုံတစ်ရာပြန်လည်ပြောဆိုခဲ့ခြင်းမပြုခဲ့ဘူးလို့ သူရဲ့ ဖေစ့်ဘုတ်စာမျက်နာမှာ ယနေ့ရေးသားခဲ့ပါတယ်။

ဒါပေမဲ့လည်း ရွှေအိမ်စည်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နစ်နာစေတဲ့ အထောက်အထားမဲတဲ့ တစ်ဖက်သက်ဆန်ဆန်ကြေညာစာတစ်စောင်ကို ထုတ်ပြန်ထားတဲ့အတွက်ကြောင့် နစ်နာကြေးငွေကျပ် သိန်းငါးထောင်ကို ပေးလျော်ဖို့နဲ့ ရွှေအိမ်စည် အပေါ် အသရေဖျက်ရေးသားမှုအတွက် အများပြည်သူသိစေရန် ၀န်ချတောင်းပန်ဖို့အတွက် ရွှေအိမ်စည်က သတင်းစာထဲမှာ ထည့်ပြီး ကြေညာခဲ့ပါတယ်။

နစ်နာကြေးငွေတွေကိုတော့ တရားရုံးစရိတ်နှင့်တကွ အထွေထွေကုန်ကျခဲ့တာတွေကို ထုတ်နှုတ်ပြီး ကျန်ငွေကို လေးစားနှစ်သက်ရာ ပရဟိတအဖွဲတွေကို ခွဲဝေလှူဒါန်းသွားမှာဖြစ်တယ်လို့ ရွှေအိမ်စည်က သူရဲ့ ဖေ့စ်ဘုတ်မှာ ရေးသားဖေါ်ပြခဲ့ပါတယ်။

Source: Soe Yu Wai, Shwe EainSi