နှုတ်ခမ်းနီမလေးတွေရဲ့ အသဲစွဲမင်းသားတစ်ယောက်ဖြစ်တဲ့ ပိုင်တံခွန်တွေကတော့ ပရိသတ်တွေအတွက် အမြဲကြိုးစားနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ပိုင်တံခွန်က ဒီကနေ့မှာ ပရိသတ်တွေအတွက် ဝမ်းသာပျော်ရွှင်စရာ ကိစ္စလေးကို အသိပေးလိုက်ပါတယ်။ ပိုင်တံခွန်ဟာ လာမယ့် စနေနေ့ညနေ (၄) နာရီမှာ သူရဲ့ ပရိသတ်တွေနဲ့အတူ ဈေးဝယ်ထွက်ပေးပြီး ဈေးဝယ်ပစ္စည်းတွေပါ ကိုယ်တိုင်လိုက်ရွေးပေးမယ့် အစီအစဉ်လေးကို သူရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ အခုလိုပဲ ပြောပြထားပါတယ်။

ပိုင်တံခွန်ကတော့ Love Moschino နဲ့ ပူးပေါင်းပြီး သူရဲ့ ပရိသတ်တွေနဲ့ ဈေးဝယ်ထွက်နိုင်ဖို့အတွက် စီစဉ်လိုက်ပုံပါပဲ။ သူနဲ့အတူ ဈေးဝယ်ပြီး ဘာတွေ ကံထူးနိုင်တယ်ဆိုတာကိုလည်း ဖေ့စ်ဘုတ်ပေါ်မှာ ပြောပြထားပါသေးတယ်။

မင်းသားချော ပိုင်တံခွန်ကတော့ သူနဲ့အတူ ဈေးဝယ်ထွက်မယ့် ပရိသတ်တွေကို လာမယ့် စနေနေ့မှာ Junction City မှာစောင့်နေပါမယ်လို့လည်း ပြောထားပါသေးတယ်။ ပိုင်တံခွန်ကို ချစ်တဲ့ ပရိသတ်တွေလည်း လာမယ့် စနေနေ့မှာ Junction City ကိုသွားဖို့ မမေ့ကြပါနဲ့နော်။

Source: Paing Takhon