Jonghyun ရဲ့ ဈာပနအခမ်းအနား ဒုတိယနေ့မှာတော့ ပရိသတ်တွေလည်းမြောက်များစွာ တက်ရောက်ခဲ့ကြပါတယ်။ ဒီနေ့မှာတော့  SHINee ရဲ့ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Key နဲ့ Minho တို့ရဲ့ ဈာပနအခမ်းအနားက ပုံရိပ်တွေကို သတင်းဌာနတစ်ခုက ရိုက်ကူးထားတာဖြစ်ပါတယ်။

SHINee ရဲ့ အဖွဲ့ဝင်တွေဟာ Jonghyun ရဲ့ ဈာပနမှာ ဦးဆောင်သူတွေအဖြစ်ပါဝင်ကြမှာဖြစ်ပြီးတော့ ဈာပနအခမ်းအနား ပြုလုပ်နေစဉ်မှာ Jonghyun ရဲ့ ရုပ်အလောင်းနဲ့ ၃ရက်ကြာအတူတူ ဆေးရုံမှာ ရှိနေပေးကြမှာဖြစ်ပါတယ်။

Jonghyunရဲ့ ဈာပနကိုတော့ ၂၁ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပြီး ကျန်ရစ်သူမိသားစုတွေရဲ့ ဆန္ဒအရ မိသားစု၊သူငယ်ချင်း၊ရင်းနှီးတဲ့သူတွေနဲ့ပဲ တိတ်တဆိတ်ပြုလုပ်သွားမှာ ဖြစ်တယ်လို့ SM Entertainment ကဆိုပါတယ်။

Source: Koreaboo