ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိနေတဲ့ မော်ဒယ်၊ မင်းသမီးလေး ရှင်ယွန်းမြတ်ကတော့ ဖေ့စ်ဘုတ်ပေါ်မှာ  သူမရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်တဲ့ ကိစ္စလေးတစ်ခုကို ကြုံတွေ့လာတာကြောင့် သူမဟာ ထိပ်တိုက်ဖြေရှင်းလိုက်ပြီဖြစ်ပါတယ်။

ရှင်ယွန်းမြတ်ကို အကောင့်တစ်ခုကနေ သူမရဲ့ 18+ ဗီဒီယိုတွေကို ဖေ့စ်ဘုတ်ပေါ်မှာတင်မယ်လို့ ခြိမ်းခြောက်ရေးသားလာတာဖြစ်ပါတယ်။ အဲဒီ ဖေ့စ်ဘုတ်အကောင့်ပိုင်ရှင်ကတော့ ရှင်ယွန်းမြတ်ရဲ့ ပရိသတ်တွေရှိတဲ့ “We Love Shin Yoon Myat” အဖွဲ့မှာ ဒီအကြောင်းတွေကို သွားရောက်ရေးသားခဲ့တာဖြစ်ပါတယ်။

ဒီလိုမျိုး မဟုတ်မမှန်တဲ့ ပြောဆိုဝေဖန်မှုတွေကို ကြုံရတဲ့ ရှင်ယွန်းမြတ်ကတော့ ဖေ့စ်ဘုတ်ပေါ်မှာ အခုလိုပဲ ထိပ်တိုက်ပြောဆိုရေးသားလိုက်တာဖြစ်ပါတယ်။

ပရိသတ်တွေလည်း သတ္တိရှိရှိနဲ့ ကြုံနေရတဲ့ ပြဿနာကို ထိပ်တိုက်ရင်ဆိုင်လိုက်တဲ့ ရှင်ယွန်းမြတ်ကို အားပေးစကားလေး ပြောလိုက်ပါဦးနော်။

Source: Shin Yoon Myat