မင်းသမီးချော Shin Min-A က သူမရဲ့ စိုးရိမ်တတ်တဲ့ စိတ်တွေဟာ နှစ်တွေကြာလာတာနဲ့ တဖြည်းဖြည်း ပြောင်းလာခဲ့တဲ့ အကြောင်းကို ပြောပြလာခဲ့ပါတယ်။

 

 

View this post on Instagram

 

#CartierBaignoire #까르띠에베누아 #WKorea @wkorea

A post shared by Shinmina (@illusomina) on

tvN’s television show တစ်ခုဖြစ်တဲ့ ‘You Quiz on the Block’ ဆိုတဲ့ အစီအစဉ်မှာ Shin Min-A က ဧည့်သည်အဖြစ် ပါဝင်ဖြစ်ခဲ့တဲ့ အကြောင်းကို sbs က ခုလိုဖော်ပြထားပါတယ်။

 

 

View this post on Instagram

 

@chanel.beauty.korea @harpersbazaarkorea💛

A post shared by Shinmina (@illusomina) on

ဒီအစီအစဉ်မှာ Shin Mina က သူမ အသက်ကြီးလာတာနဲ့အမျှ သူမရဲ့ စိတ်ခံစားမှုတွေ ပြောင်းလဲလာခဲ့တဲ့ အကြောင်းကို ပြောပြပေးခဲ့ပါတယ် “ အသက်အရွယ်က ကျွန်မကို အတော်လေး ပြောင်းလဲစေခဲ့ပါတယ် ကျွန်မ အသက် ၂၀ လောက်မှာတုန်းက ကျွန်မ လုပ်သမျှ အရာတိုင်းအတွက် ဖိအားတွေက ထိပ်ဆုံးမှာ ရှိနေခဲ့တာပါ”  လို့ ဆိုပါတယ်။

 

 

View this post on Instagram

 

💜까르띠에 💜 커피차 감사합니다 ☕️💫✨👍

A post shared by Shinmina (@illusomina) on

သူမက ဆက်ပြီး “ အဲဒီ့အချိန်တုန်းက ကျွန်မ ဒါတွေကို လုပ်နိုင်ဖို့ နည်းလမ်းတွေ အများကြီးရှိတယ် ဒါကြောင့် ကျွန်မဖြစ်အောင်လုပ်ရမယ် ဆိုပြီး တစ်ချိန်လုံး အဲဒါတွေနဲ့ပဲ စိတ်ဖိစီးနေခဲ့တာပါ ဒါပေမယ့် ကျွန်မ အသက် သုံးဆယ်လောက်ရောက်တဲ့အခါမှာတော့ ကျွန်မရဲ့ စိတ်က အတော်လေး အေးဆေးတည်ငြိမ်လာပါပြီ ကျွန်မ ဘယ်အရာတွေက သင်ယူသင့်တယ် ဘယ်လိုလမ်းကို လျှောက်သင့်တယ် ဘယ်လိုအချိန်မှာ လုပ်သင့်တယ်ဆိုတာကို သိလာပြီး တစ်ချို့အရာတွေကိုလည်း လက်လွှတ်တတ်လာပါတယ် ဒါက ကျွန်မကို ပိုအေးချမ်းစေတယ်” ဆိုပြီး ပြောပြလာခဲ့ပါတယ်။

 

 

View this post on Instagram

 

@michaachannel 🥚

A post shared by Shinmina (@illusomina) on

သူမက “ကျွန်မ လောဘနည်းလာခဲ့တာပါ ကျွန်မမှာ ရှိတဲ့ အရာလေးနဲ စိတ်ချမ်းချမ်းသာသာ ရောင့်ရဲတတ်လာခဲ့တာပါ” ဆိုပြီး နောက်ဆုံးအနေနဲ့ ဖြည့်စွက်ပြောကြားသွားခဲ့ပါတယ်။ Shin Mina ကို 1984 April မှာ မွေးဖွားခဲ့တာဖြစ်ပြီး 1988 ခုနှစ်မှာ အနုပညာလောကထဲကို စတင်ဝင်ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။

Khin