ဒီဇင်ဘာလ ၂၂ မှာတော့ “Entertainment Weekly”ရဲ့ အစီအစဉ်တင်ဆက်သူ Shin Hyun Joon က Kim Woo Bin ရဲ့ ကျန်းမာရေးအခြေအနေကို ပြောပြခဲ့ပါတယ်။ Kim Woo Bin ကတော့ ဒီနှစ် မေလကတည်းက ကင်ဆာရောဂါကို ခံစားနေရတာဖြစ်ပါတယ်။

Shin Hyun Joon ဟာ “Entertainment Weekly”မှာ အစီအစဉ်တင်ဆက်သူဖြစ်ပြီးကတည်းက သူနဲ့ရင်းနှီးတဲ့ အနုပညာရှင်တွေရဲ့ အတွင်းရေးတွေကို မပြောဖို့ တားမြစ်ထားခြင်းခံထားရပါတယ်။ ဒါပေမဲ့ Shin Hyun Joon က ဒီနေ့တော့ အဲဒီစည်းကမ်းကို ဖောက်ဖျက်ပါရစေဆိုပြီး Kim Woo Bin ရဲ့ ကျန်းမာရေးအခြေအနေကို ပြောပြပေးခဲ့ပါတယ်။ “ပြီးခဲ့တဲ့ စနေနေ့တုန်းက Woo Bin ဆီကနေ မက်ဆေ့ခ်ျရပါတယ်။ အစ်ကို ကျွန်တော် အများကြီး သက်သာနေပါပြီ။  မကြာခင် ပြန်ကောင်းတော့မှာပါ”လို့ Shin Hyun Joon ကပြောခဲ့ပါတယ်။

Source: Kstarlive