KBS2 ရုပ်သံလှိုင်းကနေ ပြသနေတဲ့ “Angel’s Last Mission: Love” ဇာတ်လမ်းတွဲကတော့ မြန်မာပရိသတ်တွေလည်း အကြိုက်တွေ့နေတဲ့အပြင် ကိုရီးယားနိုင်ငံမှာလည်း ကြည့်ရှုသူနှုန်းအများဆုံး နံပါတ် ၇နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။ လူမှုဆက်ဆံရေး မပြေပြစ်ပဲ လောကကြီးကို မုန်းတီးနေတဲ့ ဘဲလေးအကမယ်လေး လီယွန်ဆောနဲ့ နတ်သားလေး ကင်မ်ဒန်တို့ရဲ့ အချစ်ဇာတ်လမ်းကို ဇာတ်အိမ်ကျကျနနနဲ့ ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။

soompi

နောက်ဆုံးပြသထားတဲ့ အပိုင်းမှာတော့ ဘဲလေးမယ် လီယွန်းဆောနေရာကနေ သရုပ်ဆောင်တဲ့ Shin Hye Sun ရဲ့ သရုပ်ဆောင်ခန်းက ပရိသတ်တွေကို တော်တော်လေး ဟတ်ထိစေခဲ့ပါတယ်။

သူမကတော့ အကကိုလည်း ကောင်းကောင်းသရုပ်ဆောင်ပြနိုင်တဲ့အပြင် ခံစားချက်တွေကိုလည်း ကောင်းကောင်းဖေါ်ပြနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီအခန်းမှာတော့ Giselleကို ဘဲလေးအကနဲ့ ဖေါ်ပြသွားခဲ့တာဖြစ်ပြီး နတ်သား ကင်မ်ဒန်အတွက် သူမရဲ့ အချစ်ကိုလည်း ပေါ်လွင်အောင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဗီဒီယိုကိုလည်း ဖေါ်ပြပေးလိုက်ပါတယ်။

Angel's Last Mission: Love မနေ့ကလွှင့်ခဲ့တဲ့အပိုင်းမှာ ဒီအခန်းလေးဟာ Naver မှာ #1 trending ဖြစ်နေပါတယ်နော် 😍👏အွန်နီးရဲ့ သရုပ်ဆောင်ချက်တွေ တစ်ကယ်ကို ပီပြင်လွန်းပါတယ် 😇💓

Posted by Saranghae Oppa & Unnie on Thursday, June 13, 2019

SOurce: Soompi