Bigbang ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Seungri ကတော့ G-Dragonဟာ Lee Joo Yeon နဲ့တွဲနေတာ မဟုတ်ဖူးဆိုတာကို Knowing Bros ဆိုတဲ့ အစီအစဉ်မှာ ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။ ဒီအကြောင်းကိုတော့  Knowing Bros ရဲ့ အစီအစဉ်တင်ဆက်သူတွေက Seungri ကို Taeyang ရဲ့ မင်္ဂလာဆောင်အကြောင်းမေးရာကနေ စကားစပ်မိခဲ့တာဖြစ်ပါတယ်။

Seungri ကတော့ ” ဂျပန်မှာ အနုပညာလှုပ်ရှားမှုတွေပြုလုပ်ရတဲ့ အတွက်ကြောင့် ကိုရီးယားကနေ မကြာခဏထွက်သွားရလို့ လက်ထပ်ဖို့တော့ အစီအစဉ်မရှိသေးဘူး”လို့ သူ့ရဲ့ အကြောင်းကို ပြောပြခဲ့ပါတယ်။ Knowing Bros ရဲ့ အစီအစဉ်တင်ဆက်သူတွေက Bigbang အဖွဲ့ဝင်တွေရဲ့ အချစ်ရေးအကြောင်းကို အသေးစိတ်သိချင်တဲ့ အတွက်ကြောင့် Bigbang အဖွဲ့ဝင်တွေထဲမှာ ဘယ်သူတွေက ရည်းစားရှိနေပြီလဲလို့ မေးခဲ့ပါတယ်။

Seungri ကတော့ Taeyang ကလွဲလို့ ကျန်တဲ့သူတွေ တစ်ယောက်မှရည်းစား မရှိပါဘူးလို့ ဖြေခဲ့ပါတယ်။ G-Dragon နဲ့ Lee Joo Yeon တို့ ချစ်သူအဖြစ် တွဲနေကြတယ်လို့လည်း မပြောခဲ့ပါဘူး။ ဒါကြောင့် G-Dragon ရဲ့ ပရိသတ်တွေကတော့ စိတ်အေးလက်အေး နေလို့ရပြီနော်။ Seungri ပြောပုံအရဆို G-Dragon ကတော့ single ပါပဲ။

Source: Koreaboo