မင်းသမီးချော Seo Yeji ဟာ ပွဲဦးထွက်ဇာတ်ကားဖြစ်တဲ့ ‘Potato Star’ ဆိုတဲ့ ဇာတ်ကားမှာ စပိန်စကားကို ကျွမ်းကျင်စွာ ပြောပြီး သရုပ်ဆောင်ထားခဲ့တာပါ။ ဒီသတင်းကို kstarlive က ဖော်ပြထားတာ ဖြစ်ပါတယ်။
မင်းသမီး Seo Yeji က ‘It’s Okay to Not Be Okay’ ဆိုတဲ့ ဇာတ်ကားနဲ့ ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိလာခဲ့တာပဲ ဖြစ်ပါတယ်။ အဲဒီ့နောက်မှာတော့ မင်းသမီး Seo Yeji နဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ပရိတ်သတ်တွေက အတော်လေး စိတ်ဝင်စားမှု မြင့်တက်လာခဲ့ပါတယ်။
‘Potato Star’ ဆိုတဲ့ ဇာတ်ကားဟာ Seo Yeji ပွဲဦးထွက်ပြီး သိပ်မကြာခင်မှာပဲ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ Seo Yeji က ‘Noh Sooyoung’ ဆိုတဲ့ ကောင်မလေးအဖြစ် ပါဝင်ထားတာပဲ ဖြစ်ပါတယ်။
ဇာတ်ကားထဲမှာ သူမရဲ့ ချစ်သူက စပိန်ကောင်လေးတစ်ယောက်ဖြစ်တဲ့အတွက် စပိန်လို ကျွမ်းကျင်စွာ ပြောထားတာတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ Seo Yeji ဟာ သရုပ်ဆောင်အဖြစ် မလုပ်ခင်က စပိန်နိုင်ငံရဲ့ Complutense University မှာ Journalism အထူးပြုနဲ့ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
Khin