Seo In-guk ကတော့ တောင်ကိုရီးယားမင်းသား၊အဆိုတော်တစ်ယောက်ပါ။Park Bo Ram နဲ့ တွဲလာတာ (၂)နှစ်ေ လာက်ရှိခဲ့ပါပြီ။ဒါပေမယ့် အခုတော့ နှစ်နှစ်ကြာသူတို့ရဲ့ ချစ်ဇာတ်လမ်းဟာ အခုတော့ အဆုံးသတ်ခဲ့ပါပြီ။လမ်းခွဲ လိုက်တဲ့ သတင်းကတော့ မေ(၂၃)မှာ ထွက်ပေါ်လာခဲ့တာပါ။နှစ်ယောက်လုံးရဲ့ အနုပညာတာဝန်ရှိသူတွေ က သူတို့နှစ်ဦးရဲ့ relationship အဆုံးသတ်လိုက်တဲ့ အကြောင်း ပြောခဲ့တာပါ။

လမ်းခွဲသတင်းနဲ့ပတ်သက်ပြီး နှစ်ယောက်လုံးရဲ့အေဂျင်စီတွေဘက်ကနေ အခုလို တုံ့ပြန်ခဲ့ပါတယ်။ “Seo In Guk နဲ့ Park Bo Ram တို့ ဟာ လွန်ခဲ့တဲ့ တစ်လလောက်တည်းက လမ်းခွဲ လိုက်ပါပြီ လို့ အတည်ပြု ခဲ့ပါတယ်။“Superstar K,” ရဲ့ ပြိုင်ပွဲဝင်ဟောင်းတွေ ဖြစ်တဲ့ သူတို့နှစ်ဦးဟာ (၂၀၁၆)က တွဲလာခဲ့တာပါ။တွဲနေတဲ့ အကြောင်းကိုတော့ (၂၀၁၇) ဒီဇင်ဘာမှာ အတည်ပြုခဲ့ပါတယ်။

Source soompi