Justin နဲ့ Hailey တို့ အတူတွဲသွားတွဲလာလုပ်နေကြတဲ့ ပုံတွေထွက်လာပြီးတဲ့နောက်မှာတော့ Selenaကိုလည်း ခပ်မိုက်မိုက် အီတလီနိုင်ငံသား ရုပ်ရှင်ထုတ်လုပ်သူတစ်ယောက်နဲ့ အတူတွဲပြီး တွေ့ရတဲ့ပုံတွေ အင်တာနက်ပေါ်မှာ ပျံနှံနေပါပြီ။ Selena ကတော့ ရောမမြို့မှာ အီတလီနိုင်ငံသား ရုပ်ရှင်ထုတ်လုပ်သူနဲ့အတူ ပျော်ပျော်ပါးပါး လည်ပတ်နေတဲ့ ပုံပါပဲ။

dailymail
dailymail

Selenaနဲ့အတူတွဲပြီး တွေ့ရတဲ့သူကတော့ အသက် (၃၀) အရွယ်ရှီပြီဖြစ်တဲ့ ရုပ်ရှင်ထုတ်လုပ်သူ Andrea Iervolino ပဲဖြစ်ပါတယ်။ သူမကတော့ Andrea Iervolino ရယ်၊ နောက်ထပ် မိန်းကလေး သူငယ်ချင်းတစ်ယောက်ရယ်နဲ့အတူ ဇွန်လ (၁၉) ရက်နေ့က အီတလီမြိုတော်မှာ လျှောက်လည်နေတာ ဖြစ်ပါတယ်။

dailymail

အီတလီနိုင်ငံသား ရုပ်ရှင်ထုတ်လုပ်သူကတော့ Selena ကို သဘောကျနေပြီး Selenaကလည်း Andrea Iervolino နဲ့ ပတ်သတ်ပြီး ရင်ခုန်စိတ်လှုပ်ရှား နေပါတယ်လို့ အတွင်းသိအစင်းသိ တစ်ယောက်က ပြောပြခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း Selena ကတော့ သူမရဲ့ စိတ်ဒဏ်ရာတွေကို ပြန်လည်ကုစားနေဆဲ ဖြစ်ပြီး တစ်ကိုယ်တည်းသမား ဖြစ်နေတဲ့ အချိန်မှာ အသစ်အဆန်းတစ်ခုကို ကြုံတွေ့ချင်နေတာပါလို့လည်း သတင်းအရင်းအမြစ်က ပြောပြခဲ့ပါသေးတယ်။

gomezimagry
gomezimagry

Source: Hollywoodlife