ပြီးခဲ့တဲ့နှစ်က ကျောက်ကပ်အစားထိုးခွဲစိတ်မှုပြုလုပ်ခဲ့ရတဲ့ Justin ရဲ့ ရည်းစား Selena Gomez ဟာ Mexico က ကမ်းခြေမှာ သူ့ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေနဲ့အတူ သွားရောက်အပန်းဖြေခဲ့ပါတယ်။

Selena ဟာ ဒီခရီးစဉ်မှာ ရေကူးဝတ်စုံနဲ့အပန်းဖြေနေစဉ် သူရဲ့ပေါင်မှာရှိတဲ့ အမာရွတ်ကို သတင်းထောက်တွေကတွေ့ပြီး ဓါတ်ပုံရိုက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့တစ်ခေါက်တုန်းကလည်း Selena ဟာ ကျောက်ကပ်အစားထိုးကုသတာကနေရရှိခဲ့တဲ့ သူရဲ့ ဗိုက်ပေါ်က အမာရွတ်အစင်းကြောင်းကို ပရိသတ်တွေကို ထုတ်ဖေါ်ပြသခဲ့ပါတယ်။

အရင်နှစ် အောက်တိုဘာလက အင်တာဗျူးတစ်ခုမှာတော့ Selena က သူရဲ့ သွေးလွှတ်ကြောက ပြဿနာရှိနေတဲ့ အတွက်ကြောင့် ဒုတိယအကြိမ်ခွဲစိတ်မှုပြုလုပ်ရဦးမယ်လို့ပြောပြခဲ့ပါတယ်။ Selenaရဲ့ ပေါင်က အမာရွတ်ဟာ ဒီခွဲစိတ်မှုကြောင့် ဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။

Source: The Sun Uk