EXO အဖွဲ့ဝင် Sehun ကတော့ သူရဲ့ မအားမလပ်တဲ့ များပြားလှတဲ့ အချိန်ဇယားထဲက အားတဲ့အချိန်လေးမှာ Seondeokwon လို့ ခေါ်တဲ့ လူမှုဖူလုံရေးဖောင်ဒေးရှင်းတစ်ခုကို ဇန်နဝါရီလ (၁၅) ရက်နေ့က ကိုယ်တိုင်ကိုယ်ကျ သွားရောက်ပြီး အလှူအတန်းလုပ်ခဲ့ပါတယ်။

Sehun ဟာ Seondeokwon က မိဘမဲ့ ကလေးတွေစားဖို့အတွက် ဝက်သားနဲ့အမဲသားတွေကို လှူဒါန်းခဲ့ပြီး၊ မိဘမဲ့ ကလေးကယ်တွေနဲ့ အတူတူ ပျော်ပျော်ရွှင်ရွှင် စားသောက်ခဲ့ပါသေးတယ်လို့ သိရပါတယ်။

source: Kstarlive