ပရိသတ်တွေချစ်ကြတဲ့ နာမည်ကျော် အမျိုးသမီးရပ်(ပ်) အဆိုတော်တစ်ဦးဖြစ်တဲ့ စန္ဒီမြင့်လွင်ကတော့ မကြာခင်မှာ သူချစ်ရတဲ့ ချစ်သူနဲ့ ဘဝတစ်ခုကို အတူတည်ဆောက်ဖို့အတွက် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

သူရဲ့ ချစ်သူနဲ့ အတူ ရွှေလက်မတွဲခင်မှာတော့ သူတို့ရဲ့ မင်္ဂလာပွဲအတွက် အမှတ်တရလေးတွေဖန်တီးနိုင်ဖို့ Pre-Wedding ဓါတ်ပုံတွေကိုလည်း ရိုက်ကူးလျက်ရှိပါတယ်။ အဆိုတော်မိစန္ဒီကတော့ သူ့ရဲ့ အမှတ်တရတွေကို ပရိသတ်တွေနဲ့လည်း မျှဝေခံစားနိုင်ဖို့ ဓါတ်ပုံလေးတွေကိုလည်း သူ့ရဲ့ ဖေစ်ဘုတ်ပေါ်မှာ တင်ပေးလေ့ရှိပါတယ်။

အခုလည်း သူရဲ့ Pre-wedding ဓါတ်ပုံအသစ်လေးတွေကို သူ့ရဲ့ ဖေစ်ဘုတ်မှာတင်ပေးထားပါတယ်။ ဓါတ်ပုံလေးတွေကိုတော့ အနောက်တိုင်းဆန်ဆန်ရိုက်ကူးထားပြီး ဓါတ်ပုံတွေကိုတော့ ဓါတ်ပုံဆရာ ဝဏ္ဏခွာနီးက ရိုက်ကူးပေးထားတာဖြစ်ပါတယ်။

Source: Sandi Myint Lwin