ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိထားတဲ့ နာမည်ကျော် ဟစ်ဟော့အဆိုတော်မလေးတစ်ဦးဖြစ်တဲ့ စန္ဒီမြင့်လွင်ကတော့ သူမရဲ့ ချစ်ရတဲ့ သူနဲ့ လက်ထပ်ပြီးတဲ့နောက်မှာလည်း အနုပညာအလုပ်တွေကို ရပ်နားခြင်းမရှိဘဲ ပရိသတ်တွေအတွက် ဖျော်ဖြေပွဲတွေမှာ ဆက်လက်ဖျော်ဖြေပေးနေဆဲဖြစ်ပါတယ်။

ဒါပေမဲ့လည်း လတ်တလောမှာတော့ “ယောကျာ်းယူပြီးသီချင်းမဆိုတော့ဘူး”ဆိုတဲ့ ကောလာဟလတွေကြောင့် စန္ဒီမြင့်လွင်ဟာ ကောလာဟလတွေကို အခုလိုပဲ ပြန်ပြီးတော့ဖြေရှင်းခဲ့တာဖြစ်ပါတယ်။

စန္ဒီမြင့်လွင်ရဲ့ ကတော့ ဒီနှစ်သင်္ကြန်မှာလည်း ရန်ကုန်မြို့တော်ဝန်မဏ္ဏပ်, MLCA မဏ္ဏပ်နဲ့  ပြည်လမ်းပေါ်က we lit မဏ္ဏပ်တို့ မှာဖျော်ဖြေသွားမှာဖြစ်လို့ ပရိသတ်တွေကတော့ သင်္ကြန်ကို စန္ဒီမြင့်လွင်နဲ့ အတူ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းရဦးမှာပါ။

Source: Sandi Myint Lwin