2NE1 ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Sandara Park နဲ့  BLACKPINK တို့ကြားမှာ ခိုင်မာရင်းနှီးတဲ့ ဆက်ဆံရေးတွေ ရှိလို့နေပါတယ်နော်။ သူတို့တွေရဲ့ ရင်းနှီးချစ်ခင်မှုတွေကို အချိန်တော်တော်များများမှာ မြင်တွေ့နိုင်ပြီး အဲဒီ့ထဲကမှ အချက်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ဒီသတင်းကို koreaboo က ဖော်ပြထားတာ ဖြစ်ပါတယ်။

One Step ရုပ်ရှင်ပြပွဲကို သွားရောက်အားပေးခဲ့တဲ့ Jisoo

 

 

View this post on Instagram

 

A post shared by BLΛƆKPIИK (@blackpinkofficial)

Sandara Park ပါဝင်ထားခဲ့တဲ့ One Step ရုပ်ရှင်ပွဲကို သူမက Jisoo ကို ပထမဆုံး ပြသတဲ့နေ့မှာ ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။ Jisoo ကလည်း ဒီပွဲကို သွားရောက်အားပေးခဲ့ပြီးတော့ instagram ပေါ်မှာ သူမတို့အတူ ရိုက်ကူးထားတဲ့ ဓာတ်ပုံလေးကို ဝေမျှခဲ့သလို BLACKPINK အဖွဲ့ကို အမြဲတမ်း ချစ်ခင်ပေးတဲ့အတွက်လည်း ကျေးဇူးတင်တဲ့အကြောင်းကို ပြောကြားထားခဲ့ပါတယ်။ Sandara Park ဟာလည်း သူတို့ရဲ့ ဓာတ်ပုံလေးကို သူမရဲ့ instagram အကောင့်မှာ တင်ထားခဲ့ပါတယ်နော်။

Jennie ကို ကာကွယ်ပေးခဲ့တဲ့ Sandara Park

‘Get it Beauty’ ဆိုတဲ့အစီအစဉ်မှာ BLACKPINK အဖွဲ့ဝင်တွေက ဧည့်သည်အဖြစ် ရောက်ရှိလာခဲ့တာဖြစ်ပြီး Jennie က သူမ အွန်လိုင်းက နှုတ်ခမ်းနီမှာတုန်းက အကြောင်းလေးကို ဝေမျှလာခဲ့ပါတယ်။ ဒါပေမယ့် သူမမှာထားတဲ့ နှုတ်ခမ်းနီတွေဟာ အတုတွေဖြစ်နေခဲ့တဲ့အကြောင်း ပြောပြခဲ့တဲ့ အချိန်မှာတော့ Sandara Park ဟာ အရမ်းကို အံ့သြခဲ့ပြီး စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် Sandara Park က သူမ နိုင်ငံခြားသွားတဲ့အခါ brand နှုတ်ခမ်းနီတွေကို ဝယ်ခဲ့ပေးမှာဖြစ်လို့ စိတ်မပူဖို့ကို ပြောကြားခဲ့တာပါ။ ဒီလို အကြောင်းအရာသေးသေးလေးတွေကနေ သူတို့ရဲ့ ခင်မင်မှုကို ခံစားမိနိုင်ပါတယ်နော်။

Sandara Park ကို အားပေးချစ်ခင်မှုတွေ ဖော်ပြပေးခဲ့တဲ့ Jennie

2019 တုန်းက Sandara Park နဲ့ Park Bom တို့ရဲ့ ‘First Snow’ သီချင်း ထွက်ရှိလာခဲ့ပြီး Jennie က ဒီသီချင်းလေးကို ပရိတ်သတ်တွေ ပိုနားထောင်နိုင်အောင်လို့ သူမရဲ့ instagram ပေါ်မှာ တင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။

Junior လေးကို ဖေးမကူညီပေးတဲ့ Sandara Park

 

 

View this post on Instagram

 

A post shared by Sandara Park (@daraxxi)

Jisoo ဟာ BLACKPINK အဖွဲ့ဝင်အဖြစ် ပွဲဦးမထွက်သေးခင်အချိန်က Sandara Park နဲ့ WINNER’s Seungyoon တို့ပါဝင်တဲ့ ဇာတ်ကားမှာ ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ဖူးတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားရိုက်ကူးမှုမှာ Sandara Park က သူတို့သုံးယောက်ရိုက်ကူးထားတဲ့ပုံကို သူမရဲ့ instagram ပေါ်တင်ပြီး ချစ်ခင်မှုကို ဖော်ပြပေးခဲ့ပါတယ်နော်။

Khin