စိုင်းစိုင်းကတော့ မိန်းကလေးပရိသတ်တွေရဲ့ သဲသဲလှုပ်ဝန်းရံခြင်းကို ရရှိထားတဲ့ အမျိုးသား အနုပညာရှင်တစ်ယောက် ပါ။ အောင်မြင်မှုကို ဆယ်စုနှစ်တစ်ခု ကျော်ကြာတဲ့အထိ သိမ်းပိုက်ထားနိုင်သူပါ။ အခုထိ နာမည်က ကျသွားတယ် မရှိပဲ ပရိသတ်တွေက တဖြည်းဖြည်း ပိုတိုးလာတာကတော့ စိုင်းစိုင်းရဲ့ ကြိုးစားအားထုတ်မှု တွေကြောင့်ပါ။ စိုင်းစိုင်းရဲ့ အောင်မြင်ကျော်ကြားမှုက ဘယ်လောက်ထိ ကြီးမားလဲ ဆိုရင်တော့ နှစ်စဉ်နှစ်တိုင်းကျင်းပနေတဲ့ သူ့ရဲ့ Birthday Show ကို တက်ရောက်လာတဲ့ ပရိသတ်အင်အားကို ကြည့်ရင်သိနိုင်ပါတယ်။

Image:fb/Sai Sai
Image:fb/Sai Sai
Image:fb/Sai Sai

လူပျိုကြီးစိုင်းစိုင်းကတော့ အလုပ်တွေလုပ်လိုက် အပေါင်းအသင်းတွေနဲ့ ချိန်းပြီး ဂိမ်းတွေ ဆော့လိုက်နဲ့ သူ့ရဲ့ ဘ၀ ကြီးကို ပျော်ပျော်ကြီးဖြတ်သန်းနေပါတယ်။ အပေါင်းအသင်းတွေထဲမှာ ရွယ်တူတန်းတူ လူပျိုကြီးတွေ အိမ် ထောင် ကိုယ်စီကျကုန်ပေမယ့်လည်း စိုင်းစိုင်းကတော့ အခုထိ Single ဘ၀ကို ပျော်ပျော်ကြီးဖြတ်သန်း နေပါတယ်။ အခုလည်း သူ့ရဲ့ အကောင့်မှာ Post တစ်ခု တင်ထားပါတယ်။ တစ်ချိန်တုန်းက လူပျိုသိုးကြီးဖြစ်ခဲ့ဖူးတဲ့ ကိုမောင် မောင် အေး နဲ့ အတူ ရိုက်ထားတဲ့ ပုံလေးပါ။ကိုမောင်မောင်အေးနဲ့ တကူးတက ချိန်းပြီး ဂိမ်းဆော့ ဖြစ်တယ်လို့ စိုင်းစိုင်းက သူ့ရဲ့ အကောင့်မှာ တင်ထားပါတယ်။

“အမှန်အကန်ချိန်းပြီးချနေပြီ….” ဆိုပြီး တင်ထားပါတယ်။

Image:fb/Sai Sai
Image:fb/Sai Sai
Image:fb/Sai Sai

စိုင်းစိုင်းကတော့ သူ့ရဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ SAICosmetix‬ ရဲ့ ထုတ်ကုန် အသစ် ကိုလည်း သူ့ရဲ့ အကောင့်မှာ မိတ်ဆက်ပေးထားပါတယ်။ SAI ( Tint Tint ) Lip Tattoo ပါ။လက်တလောမှာတော့ အနုပညာ ရှင် ဆယ်လီ မိန်းကလေးတွေကို လက်ဆောင်တွေ ပို့ပေးထားပြီး ဆယ်လီမမ တွေကလည်း စိုင်းစိုင်းဆီက ရတဲ့ လက်ေ ဆာင် SAI ( Tint Tint ) Lip Tattoo လေးတွေနဲ့ ပုံလေးတွေကိုသူတို့ရဲ့ အကောင့်မှာ တင်ထားပါတယ်။

Image:fb/Sai Sai
Image:fb/Sai Sai

Source စိုင်းစိုင်း