စိုင်းစိုင်းခမ်းလှိုင်ကတော့ သူ့ရဲ့ အောင်မြင်မှုကို အချိန်တွေအကြာကြီး ဆယ်စုနှစ်တစ်ခုကျော်ကြာတဲ့ အထိ လုံးဝ နာမ ည်ကျသွားတာမျိုးမရှိပဲ ထိန်းထားနိုင်တဲ့ သူပါ။ဟိုးအရင်တည်းက မိန်းကလေးပရိသတ်တွေရဲ့ သဲသဲလှုပ်ဝန်းရံ အားပေး ခံထားရတဲ့ စိုင်းစိုင်းဟာ ဒီေ န့ အထိလည်း မိန်းကလေးပရိသတ်တွေရဲ့ ၀န်းရံအားပေးခြင်းကို ခံနေရဆဲပါ။ မြန်မာနိုင်ငံ မှာ မိန်းကလေး ပရိသတ် အများဆုံး ဆယ်လီ ကတော့ စိုင်းစိုင်းပါ။ သီချင်းအယ်ဘမ်သစ်ပဲ ထွက်ထွက်၊ မွေးနေ့ Sho w ပဲလုပ်လုပ်၊နောက်ဆုံးစိုင်းစိုင်းရဲ့ Cosmetic လုပ်ငန်းမှာ Product သစ်ပဲ ထွက်ထွက် သူ့ နောက် မှာ အားပေးမ ယ့် အမာခံပရိသတ်တွေ အများကြီးကို ပိုင်ဆိုင်ထားသူပါ။စိုင်းစိုင်းကတော့ သူ့ဘ၀မှာ လူတစ်ချို့ကို Block လုပ်ရတဲ့ အကြောင်းအရင်းကို ထုတ်ပြောလိုက်ပါတယ်။

Image – Sai Sai Kham Leng’s fb
Image – Sai Sai Kham Leng’s fb
Image – Sai Sai Kham Leng’s fb

ရင်ထဲက လာတဲ့ ခံစားချက်လေးတွေကို အရေးအသားကောင်းကောင်းနဲ့ ရင်ဖွင့်ရေးသားတတ်တဲ့ စိုင်းစိုင်း ကတော့ ဒီ တစ်ခါမှာ Block လုပ်တာနဲ့ ပတ်သက်တဲ့ ခံစားချက်ကို ရေးသားထားပါတယ်။Block တယ်ဆိုတာ စိတ်ဆိုးလို့လည်း မဟုတ်သလို မုန်းလို့လည်း မဟုတ်ပါဘူး ဆိုပြီး အခုလို ပြောထားပါတယ်။

Image – Sai Sai Kham Leng’s fb
Image – Sai Sai Kham Leng’s fb
Image – Sai Sai Kham Leng’s fb

“ဒီနောက်ပိုင်းတော့
ကိုယ့်မနက်ခင်းတွေကို ညစ်နွမ်းစေမယ့် ပုံတွေ post တွေ လာတင်ရင်Comment တွေမှာ လာပြရင် Chat Box ကနေ လာပို့ရင် ရိုးရိုးလေးပဲ Block လုပ်လိုက်တာပါပဲ
ကိုယ်ခန္ဓာအတွက် ဥပါဒ်ဖြစ်စေမယ့် အစားအသောက်တွေ ကျနော်တို့ရှောင်ရှားရသလို
မသန့်ရှင်းတဲ့လေထုကို မရှူရှိုက်သင့်သလို
ကိုယ့်ရဲ့စိတ်ကို အဆိပ်အတောက်ဖြစ်စေမယ့်အရာတွေ
ကိုယ့်ရဲ့အတွေးတွေကို နောက်ကျိစေမယ့် လူတွေကို
ကိုယ့်မြင်ကွင်းကနေ ယုံကြည်ယုံကြည်ပဲ ပယ်ဖျက်ပါတယ်
Block တယ်ဆိုတိုင်း စိတ်ဆိုးလို့လည်း မဟုတ်သလို မုန်းလို့လည်း မဟုတ်ပါဘူး
တစ္ဆေသရဲတွေလိုပေါ့ဗျာ ကိုယ်ကမှ မမြင်ချင်တာကိုး

#PositiveVibesOnly…” 

Image – Sai Sai Kham Leng’s fb
Image – Sai Sai Kham Leng’s fb
Image – Sai Sai Kham Leng’s fb

Source စိုင်းစိုင်း