စိုင်းစိုင်းခမ်းလှိုင်ကတော့ သူ့ရဲ့ အောင်မြင်မှုကို အချိန်တွေအကြာကြီး ထိန်းသိမ်းထားနိုင်တဲ့ အနုပညာရှင်တွေထဲက တစ်ယောက်ပါ။ ဟိုးအရင်တည်းက မိန်းကလေးပရိသတ်တွေရဲ့ သဲသဲလှုပ်ဝန်းရံ အားပေး ခံထားရတဲ့ စိုင်းစိုင်းဟာ ဒီေ န့ အထိလည်း မိန်းကလေးပရိသတ်တွေရဲ့ ၀န်းရံအားပေးခြင်းကို ခံနေရဆဲပါ။သီချင်းအယ်ဘမ်သစ်ပဲ ထွက်ထွက်၊ မွေးနေ့ Show ပဲလုပ်လုပ်၊နောက်ဆုံးစိုင်းစိုင်းရဲ့ Cosmetic လုပ်ငန်းမှာ Product သစ်ပဲ ထွက်ထွက် သူ့ နောက် မှာ အားပေးမယ့် အမာခံပရိသတ်တွေ အများကြီးကို ပိုင်ဆိုင်ထားသူပါ။



ပရိသတ်တွေ က စိုင်းစိုင်းကို ချစ်တဲ့ အကြောင်းအရင်းတွေထဲမှာ သူ့ ရဲ့ Social Skill ကလည်း အဓိက အကြောင်း အရင်း တွေထဲက တစ်ခုပါ။အနုပညာလောကသားအချင်းချင်းနဲ့ လည်း သင့်မြတ်အောင် နေတဲ့ စိုင်းစိုင်းဟာ မီဒီယာ သမား ၊ပရိသတ်တွေနဲ့လည်း အမြဲတမ်း လိုက်လျောညီထွေရှိအောင်နေတတ်ပါတယ်။ဒါကြောင့်လည်း စိုင်းစိုင်း၊ဦး စိုင်း ဆိုပြီး အခုချိန်ထိကို ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာယူထားနိုင်တာပါ။Troller တွေက ဘယ်လိုပဲ သူ့ကို Troll ကြပါ စေ ဘယ်တုန်းကမှ ဒေါသတကြီး တုံ့ပြန်တာမျိုးမရှိပဲ ဟာသ နှောပြီး အမြဲတုံ့ပြန်တတ်တဲ့ စိုင်း စိုင်း ကတော့ အခု လည်း သူ့ကို Troll ကြတဲ့ သူတွေကို ပြန်ပြီးတော့တောင် စနောက် လိုက်ပါတယ်။




ကျောင်းတွေ ပြန်ဖွင့်တဲ့ အချိန်မှာ ငိုနေတဲ့ ကလေးရဲ့ ပုံက အွန်လိုင်းမှာ အရမ်းကို နာမည်ကြီးခဲ့ပါတယ်။Troller တွေ က အဲ့ကလေးရဲ့ မျက်နှာနေရာမှာ စိုင်းစိုင်းရဲ့ ပုံကို ထည့်ပြီး အမြဲနောက်ပြောင်နေကြပါ။ဒါကို သိနေတဲ့ စိုင်းစိုင်း က ဒီနှစ် မှာတော့ အဲ့ကလေးလေး မငိုလောက်တော့ဘူး ထင်တယ်ဆိုပြီး ကလေးပုံကို ပါ သူ့ရဲ့ အကောင့်မှာ တင်လိုက်တာပါ။
“ငါ့ကို တစ်နှစ်ပတ်လုံး ဒုက္ခပေးခဲ့တဲ့ ချာတိတ်
ဒီနှစ်တော့ ပထမတန်းရောက်နေလောက်ပြီ
မငိုလောက်တော့ဘူးထင်တယ်..” ဆိုပြီး တင်ခဲ့တာပါ။



Source စိုင်းစိုင်းခမ်းလှိုင်