အိမ်မက်ဆုံရာ ပြိုင်ပွဲကနေ အောင်မြင်လာတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Russell ကတော့ နာမည်ကြီးအဆိုတော်တစ်ယောက်က သူ့ကို အထင်လွဲပြီး ပြဿနာလာရှာခဲ့လို့ ကျင်းထဲကြပ်ထဲ ရောက်ခဲ့ရတဲ့ အကြောင်းကို သူရဲ့ ဖေ့စ်ဘုတ်ပေါ်မှာတင်ပြီး ပရိသတ်တွေကို ပြောပြခဲ့ပါတယ်။ ဒီပြဿနာကတော့ တနလာင်္နေ့ နေ့လည်ပိုင်းလောက်က ဖြစ်ခဲ့တာပါ။

ပြဿနာတတ်ခဲ့ရတဲ့ အဓိက အကြောင်းအရင်းကတော့ အဲဒီ နာမည်ကြီးအဆိုတော်ဟာ Russell ကို သူ့ မိန်းမရဲ့ ပုံကို ဖေစ်ဘုတ်မှာ Profile ထားတယ်ဆိုပြီး စွပ်စွဲခဲ့တာဖြစ်ပါတယ်။ “ငါမေးချင်တာက မင်းဘာကြောင့် Fb မှာ ငါ့မိန်းမ Profile ပုံကို ယူသုံးထားတာလဲ ? ကဲ အဲ့ဒီကိစ္စပြောဦး ?”ဆိုပြီး Russell ရဲ့ ဖုန်းကို ဖုန်းဆက် မေးခဲ့တာဖြစ်ပါတယ်။

Russell ကတော့ သေချာပြန်ပြီး ရှင်းပြခဲ့ပါတယ်။ ဒါပေမယ့်လည်း အဲဒီအဆိုတော်က အခုတွေ့မယ်၊ သက်သေရှိတယ် One-One ထိုးမယ် လို့ပြောလာတာခဲ့ပါတယ်။ “အန်ကယ့်ကို ကျနော်တစ်နေရာမှာ အေးဆေးလာတွေ့ချင်ပါတယ်…. အခုအထင်လွဲနေတဲ့ကိစ္စက ဖြေရှင်းလိုက်ရင် ဘာမှမခက်တဲ့ကိစ္စပါ…. အန်ကယ့်ပရိတ်သတ် တစ်ယောက်လည်းဖြစ်…. ကျနော်လည်း တစ်ချိန်မဟုတ် တစ်ချိန်မှာ အန်ကယ်နဲ့ ပွဲတွေဆုံရမယ်ဆိုရင် လိပ်ပြာလုံချင်ပါတယ်…. ကျနော်တို့ တစ်ရက်လောက်တွေ့ပါရစေ ” လို့ပြောတော့ သူကတွေ့ရင် ထိုးမယ်ဆိုတာနဲ့ပဲ ဆက်ပြောလို့ အဆင်မပြေတော့ပါဘူး” လို့ Russell ကတော့ ပြဿနာကို ဖြေရှင်းမရဖြစ်ခဲ့တဲ့ အကြောင်းကို ပြောခဲ့ပါတယ်။

အဲဒီ နာမည်ကြီး အဆိုတော်ကြီကတော့ Massenger သုံးရင်းနဲ့ Russell ရဲ့ Profile မှာ သူ့မိန်းမနဲ့ သူဌေးမကြီး ရိုက်ထားတဲ့ပုံကို တွေ့ခဲ့တာဖြစ်ပြီး နောက်တစ်ခေါက်ပြန်ကြည့်တော့ Russell ရဲ့ Profile ပြန်ပြောင်းသွားတယ်ဆိုပြီး Russell ကို ပြောခဲ့တာပါ။

Russell ကတော့ “ဥပမာ သူ့အမျိုးသမီးပုံ သုံးမယ်ဆိုရင်တောင် Follower 87000 ကျော်ရှိတဲ့ Public Official Acc ကြီးမှာ Russell Bright ဆိုတဲ့နာမည်ကြီးနဲ့ သုံးမလားခင်မျာ….”ဆိုပြီး ဟာသလေးနှောပြီးတောင် ပြောခဲ့ပါသေးတယ်။

Russell ကတော့ နာမည်ကြီးအဆိုတော်ရဲ့  နာမည်ကို ရေးသားဖေါ်ပြခဲ့ခြင်းမရှိပါဘူး။ အဲဒီ နာမည်ကြီးအဆိုတော်ကတော့ သက်ကြီးပိုင်း ဝါရင့်အဆိုတော်တစ်ဦး ဖြစ်မယ်လို့ ယူဆရပါတယ်။

Source: Russell