Running Man ရဲ့ PD တစ်ယောက်ဖြစ်တဲ့ Jung Cheol Min ဖွင့်ဟမှုမှာ Song Jihyo နဲ့ Kim Jongkook တို့ဟာ သူတို့နှစ်ယောက်ထဲ သီးသန့်တွေ့လေ့ရှိကြတယ်လို့ ဆိုပါတယ်။  Running Man အဖွဲ့ဝင်တွေကတော့ Song Jihyo နဲ့ Kim Jongkook တို့နှစ်ယောက်ကို အတွဲတွေ ဖြစ်နေကြပြီဆိုပြီးတော့ စနောက်လေ့ရှိပါတယ်။

Running Man အဖွဲဝင်တွေအနနဲ့ စမယ်ဆိုလည်း စချင်စရာပါပဲ။ Song Jihyo နဲ့ Kim Jongkook တို့ နှစ်ယောက်ဟာ ဇာတ်လမ်းတွဲတစ်ပိုင်းပြီးတစ်ပိုင်း ကျော်ဖြတ်လာတာနဲ့အမျှ ပိုပိုပြီးတော့ ရင်းနှီးလာကြတာ ပရိသတ်တွေတောင် သတိထားမိကြပါတယ်။

PD Jung Cheol Min ကတော့ တစ်စထက်တစ်စ တိုးလာတဲ့ Song Jihyo နဲ့ Kim Jongkook တို့ ကြားထဲက ရင်းနှီးမှုမှာ Running Man ထုတ်လုပ်ရေးအဖွဲ့က Love Line ဖြစ်စေချင်လို့ တွန်းအားပေးထားတာတွေတော့ မရှိပါဘူးလို့ ပြောခဲ့ပါတယ်။

ဒါပေမယ့် သူတို့နှစ်ဦးဟာ Running Man မှာ မဟုတ်ပဲ သာမန်အချိန်တွေမှာလည်း နှစ်ယောက်ထဲ သီးသန့်တွေ့လေ့ရှိတယ်လို့လည်း သူက ဆိုပါတယ်။ “ကျွန်တော်တို့က Running Man အဖွဲ့ဝင်တွေရဲ့ တကယ့်အစစ်အမှန်တွေကိုပဲ ရိုက်ပြတာပါ”လို့ Jung Cheol Min က ပြောခဲ့ပါတယ်။

Jung Cheol Min ကတော့ “Monday Couple ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ခဲ့တဲ့ Song Jihyo အတွက် Love Line အသစ်လုပ်ပေးတာဟာ Song Jihyo အတွက် ဝန်လေးပြီး စိတ်ပင်ပန်းစေမယ့် ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ရိုက်ကူးရေးလုပ်တုန်း တကယ်ဖြစ်နေတဲ့ ကိစ္စတွေကို ဖုံးထားလို့မရပါဘူး။ ပြီးတော့ Song Jihyo နဲ့ Kim Jongkookတို့ရဲ့ ရင်းနှီးမှုဟာ Running Man ပွဲအတွက် သရုပ်ဆောင်နေကြတာ မဟုတ်ဘူး” လို့ပြောခဲ့ပါတယ်။

Source: Koreaboo