Running Man ရဲ့ အဖွဲ့ဝင်နှစ်ယောက်ဖြစ်တဲ့ Song Ji Hyo နဲ့ Kim Jong Kookတို့ နှစ်ဦးဟာ လတ်လလောမှာ အရင်ကထက် ပိုပိုပြီးတော့ အရမ်းရင်းနှီးလာတာကို တွေ့ရပါတယ်။ ဒါကြောင့် Running Man အဖွဲ့ဝင်တွေကတော့ သူတို့နှစ်ဦးကို ချစ်သူတွေ ဖြစ်နေကြပြီလားလို့တောင် သံသယဖြစ်နေကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရုပ်သံထုတ်လွှင့်မှုတစ်ခုမှာတော့ Running Man အဖွဲ့ဝင်တွေဟာ  Running Man အတွက် ကြည့်ရှုသူ အသက်အရွယ်ကန့်သတ်ချက် သတိပေးမှုတစ်ခုပြုလုပ်ရမယ့် ကြီးမားတဲ့ စိန်ခေါ်မှုကြီးကို ကြုံတွေခဲ့ရပါတယ်။ အဲဒီ အသက်အရွယ်ကန့်သတ်ချက် သတိပေးမှုဟာ တစ်လမှာ (၈)ခါလွှင့်မယ်ဆိုတာကို သိလိုက်ရတဲ့ အခါမှာတော့ Running Man အဖွဲ့ဝင်တွေဟာ သူတို့ပြုလုပ်ထားတဲ့အရာ အရွေးခံရဖို့ အသည်းအသန်ကြိုးစားကြပါတော့တယ်။

Jeon So Min နဲ့ Yang Se Chan ကတော့ Kim Jong Kookရဲ့ abs နဲ့ ကြွက်သားတွေကို အဓိကထားဖို့ အကြံပေးကြပါတယ်။ Song JiHyo ကတော့ လူတွေရဲ့ အာရုံစိုက်မှုကို ရဖို့ Kim Jong Kookရဲ့ abs နဲ့ ကြွက်သားတွေကို အဓိကထားတာထက် အားလုံးပဲအတူတူပဲ ဖြစ်စေချင်တယ်လို့ ပြောခဲ့ပါတယ်။ အဲဒီ အချိန်မှာ Jong Kookက Jihyo ကို ကြည့်ပြီး “နင်က စိတ်ကောင်းရှိလိုက်တာ”ဆိုပြီး ပြန်ပြောခဲ့ပါတယ်။

Jihyo ကတော့ မျက်နာပေါ်မှာ အပြုံးကိုတောင် မထိန်းနိုင်တော့ပဲ ပြုံးလိုက်ပါတယ်။ အဒါကို ကျန်တဲ့ Running Man အဖွဲ့ဝင်တွေကလည်း မြင်ဖြစ်အောင် မြင်လိုက်ပါသေးတယ်။ HaHa ကတော့ သူတို့နှစ်ယောက်ကို တွဲနေကြပြီလားလို့ တည့်တိုး မေးလိုက်ပါတယ်။

သူတို့နှစ်ယောက် အပြန်အလှန် အတွဲတွေညီနေတာကတော့ အခုမှ မဟုတ်ပါဘူး။ အရင်အပိုင်းတုန်းကလည်း သူတို့နှစ်ယောက်ရဲ့ လိုက်ဖက်မှုကို အမှတ်နဲ့ သက်မှတ်ရမယ်ဆိုရင်တော့ ၁၀၀ မှာ ၈၅ မှ ၉၅ လောက်အထိ ပေးလို့ရပါတယ်လို့ ဗေဒင်ဆရာက ပြောခဲ့ပါသေးတယ်။

Source: KOreaboo