Rose Quartz အဖွဲ့ကတော့ Social Media မှာ ရေပန်းစားနေတဲ့ ကောင်မလေး(၅)ယောက်နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့ လေးပါ။ ကိုရီးယားတစ်ယောက်၊ ထိုင်းနှစ်ယောက်၊ မြန်မာနှစ်ယောက် နဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့လေးပါ။ သူတို့အဖွဲ့ ကေ တာ့ လတ်တလောမှာ အရမ်းကို နာမည်ကြီး နေပါတယ်။

  

ကိုရီးယားသူလေး Sungshin  ကတော့ အဖွဲ့ခေါင်းဆောင်၊ အဓိက အဆိုတော် တစ်ယောက်ပါ။Eing (ထိုင်း)၊Earn (ထိုင်း)၊စင်ဒီ၊နေခြည်တို့ (၅)ယောက်နဲ့ ဖွဲ့စည်းထားတာပါ။ Rose Quartz အဖွဲ့ရဲ့ ပထမဦးဆုံးသော Single Album ကိုတော့ ထွက်ရှိလာပါပြီ။ JBJ Entertainment နဲ့ 0316 Entertainment တို့မှ ပူးပေါင်းစီစဉ်ပြီး ထွက်ပေါ်လာတဲ့ Single Album “Realize”  Rose Quartz ရဲ့ ပွဲဦးထွက်အယ်ဘမ်ပါ။

မြန်မာဝတ်စုံလေးတွေနဲ့ ၀တ်ဆင်ပြီး လှပနေတဲ့ Rose Quartz  ရဲ့ ပုံလေးတွေကိုတော့ Rose Quartz Myanmar ရဲ့ FB မှာတင်ထားတာပါ။ Page မှာတော့ Mandalay FM နဲ့အင်တာဗျူးလုပ်ထားတဲ့ ဗီဒီယိုဖိုင် ကို ရှယ်ထားတာကိုလည်း တွေ့ရပါတယ်။

Mandalay FM ပရိတ်သတ်တွေအတွက် အခုရက်ပိုင်းအတွင်း Social Media မှာ ရေပန်းစားနေတဲ့ ကောင်မလေး ၅ယောက်နဲ့ ဖွဲ့ စည်းထားတဲ့ Rose Quartz အဖွဲ့ နဲ့  တိုက်ရိုက် Interview အစီအစဉ်လေးကိုတိုက်ရိုက်တင်ဆက်ပေးလိုက်ပါတယ်နော်

Posted by Mandalay FM on Monday, May 21, 2018

FROM Rose Quartz Myanmar