တစ်ချိန်က ပရိသတ်တွေကြားမှာ အတော်လေး ရေပန်းစားခဲ့ပြီး အောင်မြင်ခဲ့ကြတဲ့ထိပ်တန်းအဆိုတော်တွေဖြစ်တဲ့ မေစံပယ်ညို၊ ရေဗက္ကာဝင်း၊ ခင်ဘုဏ်း နဲ့ ယုဇနတို့ကတော့ ပရိသတ်တွေဆီကို တကျော့ပြန်လာဖို့အတွက် အမိုက်စားသီချင်းဗီဒီယိုတွေကို ရိုက်ကူးနေကြပြီဖြစ်ပါတယ်။

ပရိသတ်တွေရဲ့ ရင်ထဲအထိရောက်အောင် သီဆိုတတ်တဲ့ အဆိုတော်မမတွေဖြစ်လို့ ပရိသတ်တွေကတော့ သူတို့ သီချင်းအသစ်ကို စောင့်မျှော်နေကြပြီဖြစ်ပါတယ်။ သီချင်းဗီဒီယိုရိုက်ကွင်းနောက်ကွယ်က ပုံရိပ်လေးတွေကိုတော့ မေစံပါယ်ညိုက သူမရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ “မကြာမှီလာမည်မျော်ပါရှင်”လို့ရေးသားထားတာပြီး ဓါတ်ပုံလေးတွေတင်ပေးထားတာဖြစ်ပါတယ်။

ပရိသတ်တွေကတော့ သူတို့ရဲ့ သီချင်းအသစ်ကို နားထောင်ဖို့ စောင့်မျှော်နေကြပါပြီ။

Source: May Sabel Nyo