ပရိသတ်တွေတိုင်းစောင့်မျှော်နေကြတဲ့ Reflection ဇာတ်ကားကြီးကိုရဲ့ အထူးပွဲကိုတော့ ဧပြီလ (၅)ရက်နေ့က သမ္မတရုပ်ရှင်မှာပြသခဲ့ပြီး ဖြစ်ပါတယ်။ဒီရုပ်ရှင်ကားကြီးမှာတော့ နာမည်ကျော် ဒိတ်ဒိတ်ကျဲ မင်းသမီးတွေဖြစ်ကြတဲ့ ထွန်းအိန္ဒြာဗိုလ်၊ အိန္ဒြာကျော်ဇင်၊ ဝတ်မှုံရွှေရည်၊ ပတ်ထရစ်ရှာ တို့က ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပါတယ်။

ဖက်ရှင်နဲ့ အက်ရှင်ပေါင်းစပ်ထားတဲ့ ဒီဇာတ်ကားကြီးရဲ့ အထူးပွဲကို တက်ရောက်လာကြတဲ့ မင်းသမီးတွေရဲ့ ဖက်ရှင်ကတော့ ပရိသတ်တွေတိုင်း အံ့အားသင့်သွားရလောက်အောင် အရမ်းကို မိုက်လွန်းနေပါတယ်။ ကာလာ ဒီဇိုင်းအစုံနဲ့ ဖက်ရှင်ကျကျ လှပလွန်းနေတဲ့ သူတို့ကတော့ ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ကောင်တွေပုံစံအတိုင်းထင်ဟပ်အောင် ဖက်ရှင်ကို ပြင်ဆင်လာခဲ့တဲ့ ပုံပါပဲ။

ဒီဇာတ်ကားကြီးမှာကတော့ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ ဇနီးမောင်နှံရဲ့ သုဒြာရုပ်ရှင်ထုတ်လုပ်ရေးကနေ ထုတ်လုပ်ဖြန်ချိတဲ့ ပထမဆုံးရုပ်ရှင်ကား တတစ်ကားလည်းဖြစ်ပါတယ်။ဒီဇာတ်ကားရဲ့ ဖန်တီးသူကတော့ ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အကယ်ဒမီ လူမင်းဖြစ်ပါတယ်။ ဒီဇာတ်ကားကြီးကတော့ ဧပြီလ ၁၇ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Source: Reflection Page, Ria Bo Vich