Red Velvet အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ WENDY က သူမရဲ့ လက်သည်းအလှဖန်တီးရှင် မင်္ဂလာဆောင်မှာ သီချင်းဆိုပေးခဲ့တာပဲ ဖြစ်ပါတယ်။ November 7 ရက်နေ့က မင်္ဂလာဆောင်မှာ သီချင်းဆိုနေတဲ့ WENDY ရဲ့ ဗီဒီယိုဟာ အွန်လိုင်းပေါ်မှာ တက်လာခဲ့တာပါ။ ဒီသတင်းကို sbs က ဖော်ပြထားတာပဲ ဖြစ်ပါတယ်။

 

 

View this post on Instagram

 

The ReVe Festival Finale “Psycho” (Studio Ver.)

A post shared by Wendy (@todayis_wendy) on

ဒီဗီဒီယိုထဲမှာတော့ WENDY က ‘Your Night, My Morning’ ဆိုတဲ့ အချစ်သီချင်းလေးကို သီဆိုနေခဲ့တာပါ။ ဒီသီချင်းရဲ့ မူရင်းအဆိုရှင်က Brown Eyed Soul ရဲ့အဖွဲ့ဝင် Sung က သီဆိုထားခဲ့တာပါ။ WENDY က မင်္ဂလာစုံတွဲအတွက် အရမ်းကို ပြည့်စုံတဲ့ သီချင်းလေးကို ရွေးပေးထားခဲ့တာပဲ ဖြစ်ပါတယ်နော်။

 

သူမရဲ့ အသံချိုချိုလေးနဲ့ လိုက်ဖက်တဲ့ romantic စာသားလေးတွေကြောင့် မင်္ဂလာစုံတွဲရော၊ ပွဲလာတဲ့ ပရိတ်သတ်တွေရဲ့ ခံစားချက်တွေကိုပါ ဖမ်းစားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီမင်္ဂလာဆောင်ဟာ လက်သည်းအလှဖန်တီးရှင်တစ်ယောက်ရဲ့ မင်္ဂလာဆောင်ဖြစ်ပါတယ်။ ဒီလက်သည်းအလှဖန်တီးတာဟာ kpop stars တွေကို ဖန်တီးပေးရသူဖြစ်ပြီး အဲဒီ့ထဲမှာ WENDY လည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။

 

WENDY ဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်က ‘2019 SBS Gayo Daejun’ မှာ သူမရဲ့ မျက်နှာ၊ လက်ကောက်ဝတ်တွေ ထိခိုက်သွားမှုကြောင့် သူမရဲ့ အနုပညာအလုပ်တွေကို အားလုံးရပ်နားထားခဲ့တာပဲ ဖြစ်ပါတယ်။ သူမရဲ့ သီချင်းတွေကို ပရိတ်သတ်တွေ နားမထောင်ရတာ ကြာပြီဖြစ်တဲ့အတွက် ဒီသီချင်းလေးက ပရိတ်သတ်တွေအတွက် အလွမ်းပြေစေမှာပါနော်။

Khin