ပြေတီဦးနဲူ့ဝဲ တို့ က တော့ အနုပညာလောကရဲ့ နာမည်ကြီး ဆယ်လီစုံတွဲ ပါ။သူတို့ ဇနီး မောင်နှံ က တော့ နှစ်ယောက်လုံးက အကယ်ဒမီဆုရှင် တွေ ဖြစ်ပြီး ၀ါရင့် ထိပ်တန်း အနုပညာရှင် စာရင်းဝင် တွေပါ။အလှူ အတန်း ဆိုလည်း လက် မ နှေး တဲ့ စိတ်တူ ကိုယ်တူ ဇနီးမောင်နှံပါ။လက်ရှိ ဖြစ်နေတဲ့ ကိုဗစ် အရေးမှာလည်း နှစ်ယောက်လုံး က တက်နိုင်တဲ့ ဘက်က က နေ တက်နိုင်သ လောက် ပါဝင် ကူညီ ပေးနေကြပါတယ်။ကိုဗစ် စ ဖြစ်ချိန် က နေ အခု ချိန် ထိလည်း ကူညီလှူဒါန်းမှုတွေ လုပ် ပေးနေပါတယ်။

Image:Fb/Pyay Ti Oo

ပြေတီဦး နဲ့ အူဝဲ တို့က တော့ အခုဆိုရင် ကိုဗစ်ရောဂါကုသရေးဌာန ဧရာဝတီ စင် တာ အတွက် ငွေ ကြေး ကူညီ လှူဒါန်း ပေးခဲ့ပါ တယ်။ပြေတီဦးနဲ့ အူဝဲ တို့ မိသားစု ကေ န အလှူငွေ သိန်း ၂၀ နဲ့ ပြေတီဦး ဖောင် ဒေးရှင်းက ၁၀ သိန်း စုစု ပေါင်း အလှူ ငွေ သိန်း ၃၀ ကူညီ လှူဒါန်း ပေးခဲ့ပါတယ်။ဒီအ ကြောင်းကိုတော့ အူဝဲ ရော ပြေတီဦးတို့ကပါ သူတို့ရဲ့ Fb မှာ ဝေမျှ ပေးခဲ့ပါတယ်။

Image:Fb/Pyay Ti Oo

“COVID-19 ရောဂါကုသရေးဌါန ဧရာဝတီ စင်တာသို့…ပြေတီဦး-အိ​န္ဒြာကျော်ဇင် မိသားစုမှ အလှူငွေ သိန်း၂၀.. ပြေတီဦး ပညာရေးဖောင်ဒေးရှင်းမှ အလှူငွေ ၁၀ သိန်း..စုစုပေါင်း သိန်း ၃၀ ကျပ် ပါဝင်လှူဒါန်းခဲ့ပါတယ် ..ကျန်းမာ ရေးဝန်းထမ်းများနှင့်တကွ ရောဂါခံစားနေရသူများနှင့် ၇ ရက်သားသမီးများအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး ရောဂါကပ်ဆိုးကြီးကိုအောင်မြင်စွာကျော်လွှားနိုင်ကြပါစေ…” ဆို ၿပီး တင်ထားပါတယ်။

Image:Fb/Pyay Ti Oo

ပြေတီဦး ဖောင်ဒေးရှင်းက တော့ ပညာဆက်လက် သင်ကြားဖို့ အခက်အခဲရှိနေသူတွေ အတွက် အဓိက ကူညီ ပေးနေတဲ့ အဖွဲ့ အစည်း တစ်ခုပါ။ပညာရေး အတွက် အဓိက ဆိုပေမယ့်လည်း တခြား လိုအပ် တဲ့ေ နရာ တွေ မှာ လည်း ကူညီ မှု တွေ ပြုလုပ် ပေးနေတဲ့ အဖွဲ့ အစည်းတစ်ခုပါ။ဖောင်ဒေးရှင်းက နေ ကျောင်းထားပေးလိုက် လို့ ပညာတက် ဘွဲ့ရ ဖြစ်သွားသူတွေ လည်း အများကြီးပါ။ဒီတစ်ခေါက် ကိုဗစ် မှာ ဆိုရင် ပြေတီဦး ဖောင်ဒေးရှင်းမှ ဘွဲ့ရ ဆရာဝန် နှစ်ယောက်က စစ်တွေမြို့ ကို သွားပြီး တာဝန်ထမ်း ဆောင် ပေးခဲ့ပါသေးတယ်။

Image:Fb/Pyay Ti Oo

Source:Fb/Pyay Ti Oo