မြန်မာဗီဒီယိုဇာတ်ကားတွေထဲမှာ  အမြဲလိုလို ရယ်ရယ်မောမော တက်တက်ကြွကြွ ကာရိုက်တာလေးနဲ့ ပါဝင်သရုပ်ဆောင်တတ်တဲ့ ပရိသတ်အချစ်တော်ပွင့်ကတော့ သူမရဲ့ သီချင်းဗီဒီယို အသစ်လေးနဲ့ ပရိသတ်တွေရဲ့ရှေ့ကို ပြန်လည်ရောက်ရှိလာပါပြီ။

လူတိုင်းချစ်ကြတဲ့ မင်းသမီး ပွင့်ကတော့ တစ်ကိုယ်တော်တေးအယ်လဘမ်ထုတ်ဖို့အတွက် ပြင်ဆင်နေတာဖြစ်ပြီး မတ်လ ၁၅ရက်နေ့မှာတော့ သူမရဲ့ တစ်ကိုယ်တော် တေးအယ်လ်ဘမ်ထဲက သီချင်းတစ်ပုဒ်ဖြစ်တဲ့ “I’m CEO” ဆိုတဲ့ သီချင်းလေးကို သူမရဲ့ ဖေစ်ဘုတ်ပေဂ်ျပေါ်မှာ တင်ပေးထားတာဖြစ်ပါတယ်။ ဒီသီချင်းမှာတော့ ပွင့်ဟာ ခပ်မိုက်မိုက်ဒီဇိုင်းတွေနဲ့ ပရိသတ်တွေအံ့သြသွားလောက်အောင်ကို အမိုက်စား သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

ဒီသီချင်းကိုတော့ တေးရေးဆရာ ရွှေဂျော်ဂျော်က ရေးစပ်ထားတာဖြစ်ပြီး  ပွင့်ကတော့ ဒီသီချင်းအတွက် အစွမ်းကုန်ကြိုးစားသီဆိုပြီး ကိုယ်တိုင် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

ပရိသတ်တွေအတွက် ပွင့်ရဲ့ သီချင်းဗီဒီယို အသစ်လေးကိုလည်း တင်ဆက်ပေးလိုက်ပါတယ်။ ပွင့်ကိုချစ်တဲ့ ပရိသတ်တွေလည်း ပွင့်ရဲ့ ဗီဒီယိုလေးကို အခြားပရိသတ်တွေပါမြင်အောင် ပြန်လည် ဝေမျှပေးလိုက်ကြပါဦးနော်။

#Pwint – " I'm CEO "

မကြာခင်ထွက်မည့် " ပွင့် " ရဲ့ တစ်ကိုယ်တော် Album ထဲတွင် ပါဝင်သည့်" I'm CEO " သီချင်းလေးကို တင်ပေးလိုက်ပါပြီပရိသတ်ကြီး ကြည့်ရှု နားဆင် အားပေးပါဦး__________________________________" I'm CEO " #Pwintlyricist – ရွှေဂျော်ဂျော် Music Producer – မောင်မောင်ပြည့်စုံ ၊ ရွှေဂျော်ဂျော် Mixing – မျိုးဇော်ထက်Production – Kyar Sit Yoe Films

Posted by Bo Bo Music Production on Thursday, March 15, 2018

Source: Pwint