SHINee အဖွဲ့ဝင် Jonghyun အသက်ရှင်စဉ်အချိန်က သူ့ရဲ့ စိတ်ကျဝေဒနာအတွက် ပြသခဲ့တဲ့ ဆရာဝန်ဟာ Jonghyun ရဲ့ စိတ်ကျရောဂါကို ကောင်းကောင်းမွန်မွန် ဂရုစိုက်ပေးခဲ့ခြင်း မရှိတဲ့အတွက် ဝေဖန်တိုက်ခိုက်ခြင်းကို ခံနေရပါတယ်။

ဒီအကြောင်းကိုတော့ Jonghyun ရဲ့ သေတမ်းစာထဲမှာလည်း ရေးထားတာကို တွေ့ရမှာပါ။

“သူတို့က ငါ ဘာကြောင့်နာကျင်ရတယ်ဆိုတာကို စဉ်းစားခိုင်းတယ်။ ငါ သိတာပေါ့။ ငါ နာကျင်နေရတာဟာ ငါ ကိုယ်တိုင်ကြောင့်ပဲ။ အကုန်လုံးက ငါ့အပြစ်တွေ ငါ့လိုအပ်ချက်တွေကြောင့်ဖြစ်ရတာ။ ဆရာဝန်ကြားချင်တာ ဒီလိုစကားမျိုးလား။ ငါဘာမှအမှားမလုပ်ခဲ့ဘူး။ သူရဲ့အသံချိုချိုလေးနဲ့ ငါ့ရဲ့ ပင်ကိုစရိုက်ကို အပြစ်တင်တဲ့အချိန်မှာ သြော်..ဆရာဝန်ဆိုတာ ဒါမျိုးလားလို့တွေးမိတယ်။ အဲဒါက ငါ့ကို အရမ်းနာကျင်ခံစားရစေတယ်။ ငါ့ထက် အခြေအနေဆိုးရွားတဲ့သူတွေ ကောင်းကောင်းရှင်သန်နေကြတယ်။ ငါ့ထက် ပျော့ညံ့တဲ့သူတွေလည်း လုပ်စရာရှိတာတွေ ကောင်းကောင်းလုပ်ပြီးရှင်သန်နေကြတယ် ဆိုတာက မမှန်တာလည်း ဖြစ်နိုင်တယ်လေ” လို့ Jonghyun က သူ့ရဲ့ ခံစားချက်တွေကို ရေးသားခဲ့တာဖြစ်ပါတယ်။

Kim Hyunchul ဆိုတဲ့ စိတ်ရောဂါကုဆရာဝန်တစ်ယောက်ကတော့ Jonghyun ရဲ့ စိတ်ကျဝေဒနာကို သေချာဂရုမစိုက်ခဲ့တဲ့ ဆရာဝန်ကို တွစ်တာပေါ်မှာ အပြစ်တင်ပြောဆိုလျက်ရှိပါတယ်။ “အဲဒီဆရာဝန်ကိုတော့ ဆရာဝန်လို့ မသတ်မှတ်နိုင်ဘူး၊၊ လေ့ကျင့်ခန်းလုပ်ပါ၊ နေရောင်ခံပါစတဲ့ အကြံပြုချက်တွေဟာ စိတ်ကျရောဂါခံစားနေရတဲ့ လူတစ်ယောက်အတွက် မသင့်တော်တဲ့ စကားတွေပါ”လို့ သူ့ရဲ့တွစ်တာပေါ်မှာတင်ခဲ့ပါတယ်။

Jonghyun ရဲ့ စိတ်ရောဂါကုဆရာဝန် ဘယ်သူဆိုတာကိုလည်းဖော်ထုတ်မှာ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ Jonghyun ရဲ့ စိတ်ရောဂါကုဆရာဝန်က ဒီဝေဖန်မှုတွေနဲ့ပတ်သက်ပြီး ဘာမှ ပြန်လည်တုံ့ပြန်ခြင်းမရှိသေးပါဘူးလို့ Koreaboo မှာဖေါ်ပြထားပါတယ်။

Source:Koreaboo