Kim Hyun Joong ကို သတင်းအမှားတွေလွှင့်ပြီး နှောက်ယှက်ခဲ့တဲ့ Kim Hyun Joong ရဲ့ ရည်းစားဟောင်းကတော့ ပြစ်မှုထင်ရှားတာကြောင့် တရားရုံးက သူမကို ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။ Kim Hyun Joong ရဲ့ ရည်းစားဟောင်းကိုတော့ လူအများစုက Ms.Choi ဆိုတဲ့ နာမည်နဲ့ လူသိများကြပါတယ်။

Kim Hyun Joong ရဲ့ရည်းစားဟောင်း Ms.Choi ဟာ လိမ်လည်အယောင်ဆောင်မှုနဲ့ (၁)နှစ်နဲ့ (၄)လ ကြာထောင်ထဲမှာနေရမှာ ဖြစ်ပါတယ်။ သူမဟာ Kim Hyun Joong နဲ့ ရခဲ့တဲ့ ကိုယ်ဝန်ကိုဆောင်ထားရပါတယ်ဆိုပြီး လိမ်လည်ခဲ့ပါတယ်။

ဒါ့အပြင် Ms.Choi က သူမရဲ့ကိုယ်ဝန်ဟာ အကြမ်းဖက် ရိုက်နှက်ခံရမှုကြောင့် ပျက်ကျသွားခဲ့ရတယ်ဆိုပြီး Kim Hyun Joong ကို တရားစွဲခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် Ms.Choi ဟာ မီဒီယာတွေကို သူမရဲ့ ကိုယ်ဝန်ပျက်ကျမှုဟာ အကြမ်းဖက်ခံရတာကြောင့် ဖြစ်တယ်ဆိုပြီး ရှင်းလင်းခဲ့တဲ့နောက်မှာတော့ သတင်းအမှားတွေဟာ ပိုပြီးတော့ ပျံ့နှံ့သွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် နှစ်ဦးသား တရားရင်ဆိုင်ခဲ့ကြရာမှာ Ms.Choi ဟာ အမှုကိုလီဆယ်ခဲ့ပြီး၊ Kim ကို ပုဂ္ဂိုလ်ရေးအရ နစ်နာစေဖို့ တမင်ရည်ရွယ်တာမှန်း ပေါ်လွင်ခဲ့ပါတယ်။ ဒီအမှုမှာတော့ Kim Hyun Joong က အနိုင်ရရှိခဲ့ပြီး Ms.Choi ကတော့ ထောင်ဒဏ် (၁)နှစ်နဲ့ (၄)လ ချမှတ်ခံခဲ့ရပါတယ်။

Source: Allkpop