ပြည်သူချစ် အနုပညာရှင်တစ်ဦးဖြစ်တဲ့ “သုံးရောင်ခြယ်”မင်းသမီးချောလေး အိချောပိုကတော့ လက်တလောမှာ မင်းသား ရဲတိုက်နဲ့ အတူ “မှန်”လို့ အမည်ရတဲ့ ဇာတ်ကားတစ်ကားကို ရိုက်ကူးလျက်ရှိပါတယ်။ ဒီဇာတ်ကားရဲ့ရိုက်ကွင်းက ဓါတ်ပုံလေးတွေကို အိချောပိုက သူမရဲ့ ဖေစ့်ဘုတ်မှာ တင်ပေးထားပါတယ်။

ဒီဇာတ်လမ်းတွဲထဲမှာတော့ အရမ်းကိုရိုးစင်းတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ဇာတ်ရုပ်ကို သရုပ်ဆောင်နေပုံ ပေါ်ပါတယ်။ အဝတ်အစားလေးတွေကိုလည်း ရိုးရိုးလေးဝတ်ပြီး မိတ်ကပ်အပြင် အဆင်ကလည်း ပါးပါးလေးသာ ပြင်ထားပါတယ်။ ရိုးရိုးလေးဖြစ်နေတာကိုက အိချောပိုရဲ့ အလှတွေကို ပိုပေါ်လွင်စေပါတယ်။ အိချောပိုဟာ မြင်သူစိတ်အေးစေတဲ့ အလှမျိုးကို ပိုင်ဆိုင်ထားတဲ့ သူတစ်ယောက်ပါ။

source: Ei Chaw Po