နာမည်ကျော်အဆိုတော် Post Malone ဟာ crocs ဖိနပ်တွေရဲ့ အမာခံပရိတ်သတ်ဖြစ်တယ်ဆိုတာ အားလုံးလည်း သိထားကြမှာပါ။ crocs ဖိနပ်တွေဆိုတာ တော်ရုံလူ သိပ်မကြိုက်ကြပေမယ့်လို့ ကြိုက်တဲ့လူကျပြန်တော့လည်း အသည်းစွဲကိုဖြစ်လို့နေတတ်ကြပါတယ်။ ကမ္ဘာကျော်အနုပညာရှင်တွေထဲမှာ ပြောပြရမယ်ဆိုရင်တော့ Justin Bieber တို့၊ PSY တို့၊ Ruby Rose တို့စသဖြင့်ရှိကြပါတယ်။

 

View this post on Instagram

 

A post shared by @postmalone

crocs အနေနဲ့ သူတို့ရဲ့ဖိနပ်တွေကို တရေးတယူလုပ်စီးပေးကြတဲ့ အနုပညာရှင်တွေနဲ့လည်း collaboration တွေလုပ်လုပ်ပြီးတော့ ဒီဇိုင်းအသစ်တွေ ထုတ်လေ့ရှိပါသေးတယ်။ အဲဒီအထဲ နာမည်အကြီးဆုံးကတော့ Justin Bieber ရဲ့ Drew နဲ့ ထုတ်ခဲ့တဲ့ ဖိနပ်ဒီဇိုင်းတွေရယ်၊ Post Malone နဲ့ ခဏခဏ ပူးပေါင်းထုတ်လုပ်နေတဲ့ ဒီဇိုင်းတွေပါပဲ။ အခုလို ဆယ်လီတွေနဲ့ ပေါင်းထုတ်တဲ့ ဒီဇိုင်းတွေကတော့ တော်တော်များများ sold out ကုန်ကုန်သွားလေ့ရှိကြပါတယ်။

တလောက Post Malone နဲ့ ထုတ်ခဲ့တဲ့ Duet Max Clog II ဆိုရင်လည်း crocs ရဲ့ အရေင်းအသွက်ဆုံးသော ဒီဇိုင်းတွေဖြစ်ခဲ့ပါတယ်။ လက်ရှိ solebox တို့လို website တွေမှာဆိုရင် ယူရို ၆၀ လောက်ကစပြီး ရှိနေခဲ့ပါတယ်။ ဒါပေမဲ့ official crocs website တွေမှာတော့ sold out ဖြစ်ကုန်ကြပါပြီ။

 

View this post on Instagram

 

A post shared by @postmalone

ဒီလိုမျိုး ဖိနပ်ကို Post Malone အနေနဲ့ အလကားပေးဖို့ စီစဉ်နေခဲ့ပါတယ်။ People မဂ္ဂဇင်းရဲ့ဖော်ပြချက်အရတော့ US မှာရှိနေတဲ့ ဆေးရုံပေါင်း ၇၀ လောက်က ကိုဗစ်ကိုအံတုနေကြတဲ့ သူနာပြုနဲ့အကူတွေ၊ သန့်ရှင်းရေးတွေနဲ့ တခြားသော အခြေခံဆေးရုံဝန်ထမ်းတွေကိုပေးဖို့အတွက် ဖိနပ်အရံပေါင်း ၁ သောင်းကို စီစဉ်နေပါပြီလို့သိရပါတယ်။

crocs.com

 

View this post on Instagram

 

A post shared by @postmalone

crocs ကို ဆေးရုံစီးဖိနပ်တွေအဖြစ်လည်း ဆေးရုံဝန်ထမ်းတွေ သုံးလာခဲ့ကြတာ နှစ်ပေါင်းတော်တော်ကြာနေခဲ့ပါပြီ။ ဘာကြောင့်လဲဆိုတော့ crocs ရဲ့ စွပ်ဖိနပ်တွေဟာ သက်တောင့်သက်သာရှိတဲ့အပြင်ကိုမှ ချွတ်ရ၊ ဝတ်ရလည်း လွယ်ကူတယ် နောက် အလုံပိတ်ဖိနပ်ဖြစ်တဲ့အတွက် တော်ရုံပေကျံတာတွေဘာတွေလည်း မရှိဘဲ လေဝင်လေထွက်လည်းကောင်းတယ်၊ ပြန်ပြီး ဆေးကျောရတာလည်း လွယ်တဲ့အတွက် ဆေးရုံတွေကိုယ်တိုက်ကိုက crocs နဲ့ချိတ်ပြီး အော်ဒါမှာပေးတာမျိုးတွေ ရှိတတ်ပါတယ်။ ဒါပေမဲ့ အဲလိုဖိနပ်တွေကတော့ ရိုးရိုးဒီဇိုင်းတွေပေါ့။

penny