သီချင်းချိုချိုလေးတွေနဲ့ ပရိသတ်တွေရဲ့ အာပေးချစ်ခင်မှုတွေကို ရရှိထားသူတစ်ယောက်ဖြစ်တဲ့ ပိုပိုကတော့ ဖေစ်ဘုတ်ပေါ်မှာ နာမည်ကြီးနေတဲ့ ကောလဟာလတစ်ခုကို သူမရဲ့ ဖေစ်ဘုတ်ပေါ်မှာ ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ သတင်းဂျာနယ်တစ်ခုမှာ “အိမ်ထောင်မပြုဖြစ်ရင်လည်း သုတ်အလှူခံပြီး ကလေးယူချင်ပါတယ်ဆိုတဲ့ ပိုပို”ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့ ရေးသားထားတဲ့ ပိုပိုရဲ့ အကြောင်းကတော့ ဖေစ်ဘုတ်ပေါ်မှာ ပျံ့နှံ့နေတာဖြစ်ပါတယ်။

ပိုပိုကတော့ “ကျမ က တချို့ Journalist တွေနဲ့ ခင်တော့ မောင်နှမတွေလို အမြဲ နောက်ပြောင် ပြောလေ့ရှိပါတယ် journalist တွေကလဲ ကျမ နောက်ပြောင်ပြောတာတွေ ရှောင်ပြီး အကောင်းဆုံး ရေးသား Interveiw ထည့်ပေးပါတယ် တချို့ journalist တွေ ကတော့ အိမ်ထောင်ဘယ်တော့ပြုမလဲ မေးရင်း ကျမ နောက်ပြောင်ပြောလိုက်တာကို အတည် ရေးသားထည့်ပေးပါတယ် အဲ့ဒါမြင်ပီး ကျမ တော်တော် ဆွံအ သွားပါတယ် စိတ်အနှောင့်ယှက်တော်တော် ဖြစ်မိပါတယ် စိတ်မကောင်း လဲ ဖြစ်မိပါတယ်” လို့ရေးပြီး ပြန်လည်ရှင်းပြထားတာဖြစ်ပါတယ်။

ပိုပိုကတော့ နောက်ပြောင်ပြောခဲ့တဲ့တာကို အတည်ရေးသားခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ခဲ့တဲ့အကြောင်းကို ပြောပြခဲ့တာဖြစ်ပါတယ်။

Source: ၀တ်ရည်မိုး