ထိုင်းမင်းသားချော Pope Thanawat ကတော့ လက်တလောမှာ အရမ်းကို နာမည်ကြီးနေပါတယ်။ အသက် (၃၆)နှ စ်မှာ တကျော့ ပြန်လည် အောင်ပွဲခံနေပါတယ်။TV ဒရမ်မာ Buppae Sunniwas ကြောင့် ပရိသတ်တွေ ရဲ့ အားပေး မှုကို အပြည့်အ၀ရထားပြီး ထိုင်းမှာတင်မဟုတ်ပဲ အာရှနိုင်ငံတွေမှာပါ အရမ်းကို နာမည်ကြီးေ နပါတယ်။အသက် လည်း မငယ်တော့တဲ့ မင်းသားချော Pope Thanawat ရဲ့ အချစ်ရေးကိုတော့ အားလုံးက စိတ်ဝင်တစား စောင့် ကြည့် နေပါတယ်။

Pope Thanawat ကတော့ အချစ်ရေးနဲ့ပတ်သက်ပြီး သူ့ရဲ့ လက်ရှိအခြေအနေကို ၀န်ခံ လိုက်ပါတယ်။ချစ်သူ ကောင် မလေး တစ်ယောက်လောက်တော့ လိုချင်နေကြောင်း ဒါပေမယ့် သူ့အတွက် Right Person နဲ့ မဆုံဆည်းသေးဘူး လို့ ပြောခဲ့ပါတယ်။မကြာခင် အနာဂါတ်မှာတော့ မိန်းမကောင်းလေးတစ်ယောက်နဲ့ ဆုံနိုင်ဖို့ မျှော်လင့်ကြောင်း ပြောခဲ့ပါ တယ်။ချစ်သူလိုချင်ပါတယ်ဆိုတဲ့ အကြောင်းကိုလည်း ၀န်ခံရင်း တစ်ဖက်လှည့်နဲ့ Single စစ် စစ်ပါလို့ ကြေညာခဲ့ ပုံ ရပါတယ်။

လက်ရှိမှာ အရမ်းကို နာမည်ကြီးနေတဲ့ Pope Thanawat ရဲ့ အနုပညာကြေးဟာ “Buppesunnivas”  ဇာတ်ကား ထုတ်လွှင့်အပြီးမှာ အရင်ကထက် ပိုပြီး မြင့်တက်သွားခဲ့ပါတယ်။ဒီကားဟာ အရမ်းကို အောင်မြင်ခဲ့တာကြောင့် တဟုန် ထိုး နာမည်ကြီးသွားခဲ့ပါတယ်။ပွဲတွေတက်ရောက်ဖို့ ကမ်းလှမ်းမှုတွေလည်း အရင်ကထက် ပိုများလာခဲ့ပါတယ်။အခုဆိုရ င်တော့ ပွဲတွေကို လက်မလည်ရလောက်အောင် တက်နေရသလို ကြော်ငြာ Shooting တွေ လည်း ပြည့်နေပါတယ်။ Pope  ကတော့ လက်ရှိမှာ စီးပွားရေးကို ကွပ်ကဲဖို့လုပ်နေတဲ့ အတွက် အရမ်းကို အလုပ်တွေ များနေတယ်လို့ ပြောခဲ့ပါတယ်။လက်ရှိမှာတော့ သူ့ရဲ့ ဒရမ်မာကားသစ် “Kham See Than Dorn” ကိုတော့ Thai TV3 ကနေ မကြာခင် ထုတ်လွှင့်ပြသတော့မှာပါ။

Source thainews