ဒီကနေ့ မေလ(၁၆)ရက်နေ့ကတော့ အဆိုတော် မင်းသမီး ပိုပိုရဲ့ အသက် (၂၈)နှစ်ပြည့် မွေးနေ့လေးလို့ သိရပါတယ်။ ပိုပိုကတော့  မွေးနေ့လေးကို ကုသိုလ်အလှူဒါနလေးတွေ လုပ်ရင်း ဖြတ်သန်းခဲ့ပါတယ်။

“ဘုရား ရေစက်ချ အလှူ နဲ့ ၂၈ နှစ်ပြည့် မွေးနေ့ အလှူ ..”” သင်္ကန်း ဂျပန်မာတင် ၁၅ စုံ ဖိနပ် ၂၈ရံ ဝတ္ထုငွေ ၃ သိန်း အာရုံဆွမ်း နေ့ဆွမ်း ကို ပိုပိုနဲ့ ချစ်ပရိတ်သတ်များက ဝိုင်းစု လှူဒါန်းခဲ့ပါတယ်ရှင်.”  ဆိုပြီး ပုံလေးတွေ တင်ထားပါတယ်။ ပိုပိုကတော့ (၂၈)နှစ်ပြည့် မွေး နေ့ လေးကို အလှူဒါနလေးတွေ လုပ်ရင်းဖြတ်သန်းခဲ့ပါတယ်။

ပိုပို ကတော့ သူမရဲ့ ပထမဆုံး အယ်ဘမ် “ချစ်ဖူးခဲ့သမျှ.” ကို (၂၀၁၂)က ထွက်ရှိခဲ့တာပါ။အဲ့ဒီထဲက သီချင်းလေးတွေ က လူငယ်ပရိသတ်တွေကြားထဲမှာ အရမ်းကို ရေပန်းစားအောင်မြင်ခဲ့ပါတယ်။(၂၀၁၇)ဇွန် (၂၉) မှာတော့ အဆိုတော် ပိုပို ရဲ့ “Master Piece” ဆိုတဲ့ အယ်ဘမ်သစ်ထွက်ရှိခဲ့ပါတယ်။ အဲ့ဒီနောက် ပိုင်းမှာတော့ “သီတင်းကျွတ်ပွဲတော်” ” Marry Me ” ဆိုတဲ့ သီချင်းတစ်ပုဒ်ချင်းစီကို MV ထွက်ရှိခဲ့တာပါ။ သီချင်း MV တိုင်းမှာ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်တတ်တဲ့ ပိုပိုက အနုပညာသရုပ်ဆောင် အလုပ်တွေကို လုပ်လာတာကိုလည်း တွေ့ရပါတယ်။

from ပိုပို