သီချင်းချိုချိုလေးတွေနဲ့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေရရှိလာသူ အနုပညာရှင်တစ်ဦးဖြစ်တဲ့ ပိုပိုကတော့ မေလ ၁၆ရက်နေ့မှာ ကျရောက်တဲ့ သူမရဲ့ မွေးနေ့လေးကို ခင်မင်ရင်းနှီးရတဲ့ အနုပညာရှင်ညီအစ်ကို မောင်နှမတွေနဲ့အတူ ပါတီပွဲလေးပြုလုပ်ပြီး ကျင်းပခဲ့တာဖြစ်ပါတယ်။

ပိုပိုနဲ့အတူ မွေးနေ့ပွဲကို တက်ရောက်လာကြတဲ့ အနုပညာရှင်တွေကလည်း ပျော်ပျော်ရွှင်ရွှင်နဲ့ မွေးနေ့ပါတီပွဲလေးကို ဖြတ်သန်းခဲ့ကြပါတယ်။ ပိုပိုကတော့ မွေးနေ့ပါတီကပုံရိပ်လေးတွေကို သူမရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ တင်ထားပါတယ်။

ပရိသတ်တွေအတွက် ပိုပိုရဲ့ မွေးနေ့ပါတီက ဓါတ်ပုံလေးတွေကိုတင်ဆက်ပေးလိုက်ပါတယ်။ ပိုပိုက မွေးနေ့မနက်ပိုင်းမှာလည်း သူမရဲ့ အဘွားဖြစ်သူ ဇာတိမြေကို သွားပြီး အလှူအတန်းတွေ ပြုလုပ်ခဲ့ပါသေးတယ်။

Source: Po Po