ပရိသတ်တွေတိုင်း ချစ်ကြတဲ့ အဆိုတော်မလေးတစ်ယောက်ဖြစ်တဲ့ ပိုပိုကတော့ သူမရဲ့ သီချင်းချိုချိုလေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားထားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ပိုပိုကတော့ သူမရဲ့ နေ့စဉ်ပုံရိပ်လေးတွေကို ဖေစ်ဘုတ်ပေါ်မှာ တင်ပေးတတ်ပြီး ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် နေတတ်တဲ့ သူလေးတစ်ယောက်လည်း ဖြစ်ပါတယ်။

သူမကတော့ လတ်တလောမှာလည်း ဖောင်တော်ဦးဘုရားကို ဘုရားဖူးခရီးစဉ်အဖြစ် ရောက်ရှိနေပြီး ဖေစ်ဘုတ်ပေါ်မှာလည်း သူမရဲ့ ခရီးသွားဓါတ်ပုံလေးတွေ တင်ထားပါသေးတယ်။ ပိုပိုကတော့ “ဘယ်နှစ်ခါ သွားသွား မရိုးနိုင်တဲ့ အလှအပ ယဉ်ကျေးမှူများနဲ့ အင်းလေး ဖောင်တော်ဦးဘုရားဖူးရင်း လျှောက်လည် ❤️နေပါတယ် မောင်”လို့ရေးပြီး ဓါတ်ပုံတွေကို တင်ပေးထားတာဖြစ်ပါတယ်။

ပိုပိုကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် ပိုပိုရဲ့ ခရီးသွား ဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: popo facebook