ဒိတ်ဒိတ်ကြဲ စူပါမော်ဒယ်တစ်ဦးဖြစ်တဲ့ Gigi Hadid ကိုတော့ ပရိသတ်ကြီးအားလုံးသိကြမှာပါ..Gigi Hadid ဟာ သူမရဲ့မော်ဒယ်သက်တမ်းတစ်လျောက်မှာ အ၀တ်အစားမပါတဲ့ ဗလာကျင်း (Nude) ဓါတ်ပုံ တွေ၊ ၊ကြော်ငြာ ၊ မဂ္ဂဇင်းဓါတ်ပုံတွေအများအပြားရိုက်ကူးခဲ့ပြီး ကမ္ဘာ့ဝင်ငွေအကောင်းဆုံး မော်ဒယ်စာရင်းဝင် မော်ဒယ်တစ်ယောက်လည်းဖြစ်ပါတယ်။

Plus-Size Model တစ်ဦးဖြစ်တဲ့ Diana Sirokai ဆိုသူလေးက Gigi Hadid ရဲ့ အ၀တ်အစားမပါတဲ့ ဗလာကျင်း (Nude) ဓါတ်ပုံတွေအတိုင်း ပြန်လည်ရိုက်ကူးခဲ့ပါတယ်… Diana  က ဒီလို Gigi Hadid ရဲ့ ပုံတွေအတိုင်း ရိုက်ကူးတာဟာ ဖက်ရှင် လောကထဲမှာ မတူညီတဲ့ body အချိုးအစားကွာခြားမှုတွေကို လက်သင့်ခံပေးဖို့ လှုံ့ဆော်တဲ့ အနေနဲ့ ခုလို ရိုက်တာလို့ သိရပါပြီး ဒီဓာတ်ပုံတွေကို ရိုက်ကူးပေးခဲ့တဲ့  ဓာတ်ပုံဆရာကတော့ Karizza  ပဲဖြစ်ပါတယ်။

ဒီဓာတ်ပုံတွေနဲ့ပတ်သတ်ပြီး ပရိသတ်အချို့က မတူညီတဲ့ body အချိုးအစားကို လက်သင့်ခံပေးကြပေမယ့် တစ်ချို့ကတော့ ဒါဟာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ၀ဖြိုး ခြင်းတွေကို အားပေးရာရောက်တယ်ဆိုပြီး ပြောကြတာတွေ လည်း တွေ့ရပါတယ်။

from boredpanda