အသံပါဝါအရမ်းကို ကောင်းတဲ့၊သီချင်းတွေကို ခံစားချက်အပြည့်နဲ့ သီဆိုတတ်တဲ့ အဆိုတော် ဖြူဖြူကျော်သိန်း ကတော့ မကြာခင်မှာ စတင်တော့မယ့် Myanmar Idol Season 4  သီချင်းဆိုပြိုင်ပွဲရဲ့ ဒိုင်အဖြစ်  ပါဝင် သွားမယ်လို့ သိရပါတယ်။ ပရိသတ်က ချစ်စနိုးနဲ့ ဖြူဖြူလို့ ခေါ်တဲ့ အဆိုတော် ဖြူဖြူကျော်သိန်း ကတော့ ဂီတပိုင်းမှာ တင်မဟုတ်ပဲ ဖက်ရှင် ပိုင်းမှာ ပါ အရမ်းမိုက်တဲ့ အဆိုတော် တစ်ယောက်ဖြစ်တာမို့ ဖြူဖြူကို Myanmar Idol  မှာ ဘယ်လို ဖက်ရှင် တွေ နဲ့ မြင်ရမလဲ ဆိုတာကိုပါ ပရိသတ်တွေက အရမ်းကို သိချင်နေကြပါတယ်။

Image from Phyuphyukyawthein’s fb
Image from Phyuphyukyawthein’s fb

အရင် Season 3 မှာတုန်းကတော့ ဒိုင်အဖြစ် မြန်မာပြည်သိန်းတန်၊ရန်အောင်၊တင်ဇာမော် တို့က ဆောင်ရွက် ပေး ခဲ့ တာပါ။ ဒီနှစ်မှာတော့ ပရိသတ်တွေရဲ့ အချစ်တော် အန်ကယ်တော့ ပါမလာတော့ပါဘူး။ ဒီနှစ်ရဲ့ ဒိုင် အဖြစ် ဆောင်ရွက် ပေးမယ့်သူတွေကတော့ ဦးအောင်ကိုလတ်၊တင်ဇာမော် နဲ့ ဖြူဖြူကျော်သိန်းပါ။ ကျော်ထက်အောင်ကတော့ Host အဖြစ် နဲ့ ဆက်ပြီး ရှိနေအုံးမှာပါ။

Image from Phyuphyukyawthein’s fb
Image from Phyuphyukyawthein’s fb
Image from Phyuphyukyawthein’s fb

Myanmar Idol Season 4  နဲ့ ပတ်သက်ပြီးသတင်းစာရှင်းလင်းပွဲကိုတော့ ရန်ကုန်မြို့က Novotel  ဟိုတယ် မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ Season 3 ရဲ့ Winner ဖြစ်တဲ့ ဖြိုးမြတ်အောင်လည်း ဒီပွဲကို တက်ရောက် ပေးခဲ့ ပါတယ်။ ဖြူဖြူ ကတော့ သတင်းစာရှင်းလင်းပွဲက ပုံလေးတွေကို သူမရဲ့ အကောင့်မှာ အခုလို ဝေမျှ ပေးခဲ့ပါတယ်။

Image from Phyuphyukyawthein’s fb
Image from Phyuphyukyawthein’s fb

“မနေ့က Myanmar Idol Season 4 ရဲ့ Press Conference ပုံရိပ်လေးတွေပါ။
ဒီနှစ် Myanmar Idol Season 4 မှာဖြူဖြူကဒိုင်တစ်ယောက်အဖြစ်ပါဝင်ပါမယ်ရှင်….” ဆိုပြီး တင်ထားပါတယ်။

Myanmar Idol Season 4 ကရော အရင် Season 3 လိုပဲ အောင်ပွဲခံအုံးမှာလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။

Image from Phyuphyukyawthein’s fb
Image from Phyuphyukyawthein’s fb

Source ဖြူဖြူကျော်သိန်းရဲ့ fb