ဖေစ်ဘုတ်ပေါ်မှာ ဟာသဗီဒီယိုတွေ၊ အကဗီဒီယိုတွေ တင်ရင်းနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ ဖြူဖြူထွေးကတော့ လတ်တလောမှာာ ကြော်ငြာနဲ့ ဗီဒီယိုဇာတ်ကား တွေကိုလည်း ရိုက်ကူးလျက်ရှိနေတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ (၁၆)ရက်နေ့မှာ  ဖြူဖြူထွေးဟာ သူမရဲ့ ဖေစ့်ဘုတ်ပေါ်မှာ ယောကျာ်းလေးပုံစံ အဝတ်အစား အပြင်အဆင်တွေနဲ့ ဓါတ်ပုံတွေကို တင်လိုက်ပါတယ်။ ဓါတ်ပုံတွေကတော့ ထုံးစံအတိုင်း အပြောင်အခွီဖြစ်စေမယ့်ပုံစံနဲ့ ဖန်တီးထားတာပါ။ သူမရဲ့ဓာတ်ပုံလေးတွေကိုကြည့်ပြီး လူတွေက သဘောကျနေကြပါတယ်။

Source: Phyu Phyu Htwe