ဖေစ်ဘုတ်ပေါ်မှာ အကဗီဒီယိုတွေ၊ ဟာသဗီဒီယိုတွေတင်ရင်းနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေရရှိလာတဲ့ ဖြူဖြူထွေးကတော့ တဖြည်းဖြည်းနဲ့ အနုပညာလောကလထဲကို ဝင်ရောက်ပြီိး ကြော်ငြာတွေ ဗီဒီယိုတွေလည်းများစွာ ရိုက်ကူးရလျက်ရှိပါတယ်။

ဖြူဖြူထွေးဟာ ပျော်ပျော်ရွှင်ရွှင် ပွင့်ပွင့်လင်းလင်းနေတတ်တဲ့ သူတစ်ယောက်ဖြစ်လို့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေလည်း ရရှိနေတဲ့  သူတစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ အနုပညာလှုပ်ရှားမှုသတင်းတွေဟာ လက်တလောမှာ ဆက်တိုက်ထွက်ပေါ်နေပြီး၊ ဒါက ပရိသတ်အားပေးမှုကြောင့် ရလာတဲ့ ရလဒ်တွေလို့ဆိုရင် မမှားပါဘူး။

ဇန်နဝါရီလ (၁၁)ရက်နေ့မှာတော့ ဖြူဖြူထွေးဟာ ရန်ကုန်မြို့မှာရှိတဲ့ Novotel ဟော်တယ်မှာ ရေသွားကူခဲ့ပြီး၊ ရေကူဝတ်စုံလေးတွေနဲ့ ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကို သူမရဲ့ ဖေစ့်ဘုတ်ပေါ်မှာ တင်ထားပါတယ်။ ဖြူဖြူထွေးဟာ အရပ်ရှည်ချင်လို့ ရေသွားကူးတာဖြစ်တယ်လို့လည်း သူရဲ့ ဖေစ်ဘုတ်မှာ ရေးထားပါသေးတယ်။

Source: Phyu Phyu Htwe