ဖေ့စ်ဘုတ်ပေါ်မှာ ဟာသဗီဒီယိုတွေ၊ အကဗီဒီယိုတွေတင်ပြီးတော့ ပရိသတ်တွေရဲ့ အားပေးမှုတွေရရှိပြီး ဗီဒီယိုဇာတ်ကားတွေပါရိုက်နေရတဲ့ ဖြူဖြူထွေးကတော့ တစ်နေ့တစ်ခြား ပိုပိုလှလာပြီး စတိုင်တွေလည်းပြောင်းလာပါတယ်။

တက္ကသိုလ်ကျောင်းသူလေးတစ်ယောက်ဖြစ်တဲ့ ဖြူဖြူထွေးဟာ အရင်ကတော့ မြန်မာဆန်ဆန်လေးတွေဝတ်ပြီး ယဉ်ယဉ်လေးနဲ့ ကြည့်ကောင်းတဲ့ ချစ်စရာကောင်မလေးတစ်ယောက်ပါ။

လတ်တလောမှာတော့ ခေတ်ဆန်ဆန် အ၀တ်အစားလေးတွေဝတ်ပြီး ဖိုတိုရှုတွေလည်း ပြုလုပ်နေရပါတယ်။ အရင်ကထက်ပိုပြီးတော့ ဖက်ရှင်တွေလည်း လန်းလာပါတယ်။ ပြောင်းလဲလာတဲ့ ဖက်ရှင်ပုံစံကြောင့် ပရိသတ်တွေရဲ့ ချီးမွမ်းမှုတွေရနေသလို၊ ဝေဖန်မှုတွေကိုလည်း ခံရလျက်ရှိပါတယ်။

Source: Phyu Phyu Htwe